ကလေးစစ်သား ပြန်ခေါ်ဖို့ မိဘတွေကြိုးပမ်း
2011.08.30

Photo: RFA
ကလေးစစ်သား အဖြစ် စုဆောင်းခံ ရသူကတော့ ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ် ကွမ်းခြံကုန်း ရပ်ကွက် ကံသာယာ ၁၆ လမ်းက မောင်ကိုသက် ဖြစ်ပါတယ်။ သူ့ကို ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့မှာ တပ်ကြပ် တဦးက ဖြားယောင်း ခေါ်ဆောင်ပြီး အမှတ် ၂ စစ်သား စုဆောင်းရေးတပ် မန္တလေးကို ပို့ခဲ့တယ်လို့ ဖခင် ဦးဘိုကေသန်းက ပြောပါတယ်။
သားအကြောင်း လိုက်လံ စုံစမ်းတဲ့အခါ ခေါ်သွားတဲ့တပ်ကြပ်က မိဘတွေကို ခြိမ်းခြောက်တယ်လို့ သိရပါတယ်။
ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီး မကြာခင်မှာ မောင်ကိုသက်ဟာ မန္တလေး အမှတ် ၂ စစ်သား စုဆောင်းရေး တပ်မှာ စစ်မှုထမ်းဖို့ ရောက်လာကြောင်း အမှတ် ၉ တပ်ရင်းက စာတစောင် ပို့လိုက်တယ်လို့ ပြောပါတယ်။
နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့အကူအညီနဲ့ ဆက်သွယ် စုံစမ်းနေပေမယ့် အခုထိတော့ ထူးခြားမှု မရှိသေးဘူးလို့ ဖခင် ဦးဘိုကေသန်းက ပြောပါတယ်။