နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၆၃ ယောက် ဘင်္ဂလားဒေ့ရှ်ကို ထပ်ရောက်

RFA Burmese
2024.02.07
နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၆၃ ယောက် ဘင်္ဂလားဒေ့ရှ်ကို ထပ်ရောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြသည့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) အဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့က တွေ့ရစဉ်။
AFP

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေဖြစ်နေပြီး ဖေဖော်ဝါရီ ၆ ရက် အင်္ဂါနေ့ ညကနေ ၇ ရက် ဗုဒ္ဓဟူးနေ့လယ်အထိ စစ်ကောင်စီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (BGP) ၆၃ ယောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထပ်မံထွက်ပြေးလာတယ်လို့ ဘင်္ဂလားဒေ့ရှ် အမျိုးသား သတင်းဌာန BSS က ဖေဖော်ဝါရီ ၇ ရက်က ဖော်ပြပါတယ်။ ထွက်ပြေးလာသူတချို့က ဒဏ်ရာတွေရထားပါတယ်။

ထပ်ရောက်လာသူတွေ၊ အရင်ရက်တွေက ရောက်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေနဲ့ တခြားလူတွေအပါအဝင် စုစုပေါင်း ၃၃၇ ယောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတယ်လို့ ပြောပါတယ်။

ထွက်ပြေးလာသူတွေကို ပြန်ပို့မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောကြောင်း တူရကီအခြေစိုက် AA သတင်းဌာနက ဖေဖော်ဝါရီ ၇ ရက်က ဖော်ပြပါတယ်။

မနှစ်က စတင်တိုက်ပွဲဖြစ်ပွားပြီး ဒါဟာ ပထမဆုံးအကြိမ်အဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးလာတာပါ။ ဒီတပ်ဖွဲ့တွေနဲ့ တာဝန်ရှိသူတွေကို လေကြောင်းကနေ ပြန်ပို့ဖို့ အဆိုပြုထားတယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စ ဆွေးနွေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်နေပြည်တော်ရောက်ရှိနေပြီး မကြာခင်ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ရကြောင်း တာဝန်ရှိသူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။