အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ တွေ့ဆုံ
2012.03.30

၈၈ မျိုးဆက်ကျောင်းသားတွေ လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းတွေကို သိလိုတဲ့အတွက် လာရောက်မေးမြန်း စုံစမ်းတာဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။
အာဆီယံ ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ ရွေးကောက်ပွဲ လေ့လာရေး လုပ်ငန်းတွေအတွက် ပြင်ဆင်ဖို့ အချိန်မလုံလောက်တာကြောင့် ၈၈ မျိုးဆက်ကျောင်းသားတွေ လုပ်ကိုင်နေတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းတွေကနေ အကူအညီတွေ ရယူနိုင်ဖို့ကိုလည်း အဲဒီ ကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးခဲ့ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားတွေက ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းပြီး ရွေးကောက်ပွဲ အကြိုကာလအတွင်း စည်းမျဉ်းဥပဒေတွေနဲ့ မကိုက်ညီတဲ့ အချက်တွေကို စောင့်ကြည့် မှတ်တမ်းတင်နေသလို၊ လာမယ့် ဧပြီလ ၁ ရက်နေ့မှာလည်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်မယ့် မြို့နယ်တွေကို ဖြန့်ခွဲသွားရောက်ပြီး စောင့်ကြည့် လေ့လာဖို့ကိုလည်း စီစဉ်ထားပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုကိုကြီးကို အာအက်ဖ်အေ အဖွဲ့သား ကိုဇော်မိုးကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ် မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |