ရန်ကုန်နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်နှစ်ဦး ပြန်လည်ထိန်းသိမ်းခံထားရ

2021.02.07
ရန်ကုန်နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်နှစ်ဦး ပြန်လည်ထိန်းသိမ်းခံထားရ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် တို့ကို အကျယ်ချုပ်ထားတဲ့နေအိမ်တွေကနေ ပြန်လည်ခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းက မှန်ကန်တယ်လို့ NLD ပါတီဘက်က အတည်ပြုပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို မူလထားရှိထားတဲ့ ၂၈ လမ်း၊ ၆၄ လမ်းနဲ့ ၆၅ ကြားက လွှတ်တော်ဧည့်ရိပ်သာကနေ ဒီနေ့ ခေါ်သွားတာပါ။ မိသားစုကိုတော့ အဲနေရာမှာသာထားရှိပြီး ဒေါက်တာ ဇော်မြင့်မောင် တစ်ယောက်ထဲကို ခေါ်သွားတာပါ။

ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးက မကောင်းဘူးလို့ ဆိုပါတယ်။

ဦးဖြိုးမင်းသိန်းကိုတော့ မနေ့ကတည်းက ခေါ်သွားတာလို့ သိရပါတယ်။

NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ဟာလည်း အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက ဖမ်းဆီးခံထားရပြီး ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ မိသားစုဝင်တစ်ဦးက RFA ကိုပြောပါတယ်။

“သူသောက်နေကျ ဆေးတွေလည်း ပါမသွားတော့ စိုးရိမ်နေပါတယ်။” လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

soe gyi
2021-02-07 05:58

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပါစေ
ဒေါ်ောင်ဆန်းစုကြည်နဲ့ သမ္မတကြီးအပါအဝင် ထိန်းသိမ်းထားသူတေ အမြန်ုံးပြန်လည်လွတ်မြောက်ရေး ဒို့အရေး.....