ရန်ကုန် တရုတ်သံရုံးရှေ့ တစ်ကိုယ်တော်ဆန္ဒပြသူ ဖမ်းဆီးထား

မြစ်ဆုံ ရေကာတာ တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဒီကနေ့ တစ်ကိုယ် တော် ဆန္ဒပြမှု တစ်ခု ဖြစ်ခဲ့တယ်လို့ RFA က စုံစမ်း သိရပါတယ်။

2011.09.20

တစ်ကိုယ်တော် ဆန္ဒပြခဲ့သူရဲ့ အမည်က ကိုအောင်သိန်းခေါ် ကိုကျော်ဝင်း ဖြစ်ပြီး ဒီကနေ့ ကို မွန်းလွဲ ၁၂ နာရီခွဲခန့်မှာ အာဏာပိုင်တွေက ဖမ်းဆီးသွားပြီး အခု ဒဂုံမြို့နယ် ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ တရုတ်သံရုံးရှေ့ကို ရောက်ရှိခဲ့တဲ့ ရန်ကုန်မြို့ခံ သတင်းထောက် တစ်ဦးက RFA ကို ပြောပြပါတယ်။

“သူက ဧရာဝတီ စီမံကိန်းကို ချက်ချင်းရပ်ဆိုတဲ့ စားသားကို ကိုင်ထားတယ်လို့ ပြောတယ်။ နောက်ဆုံးသိရတာကတော့ ဒဂုံရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သတင်းကြားတယ်”

အမေရိကန် နိုင်ငံသားဖြစ်ပြီး ရနောင်းကနေ ဝင်လာသူ တောင်ဥက္ကလာ ၇ ရပ်ကွက် ၁၁ လမ်းနေ အဘ ဦးနောင်တင်လှရဲ့သား လို့လည်း သိရပါတယ်။

အခုလို တစ်ကိုယ်တော် ဆန္ဒပြမှု ဖြစ်ခဲ့တဲ့အတွက် လူတစ်ဦး ဖမ်းဆီးခဲ့တဲ့အကြောင်း တရုတ်သံရုံးက ယဉ်ကျေးမှု ဌာနအနီးမှာ ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ကိုးကားပြီး ရန်ကုန် AFP သတင်းက ရေးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။