ရွှေ့ပြောင်း အလုပ်သမားအရေး တိုက်ပွဲဝင်သူ အမှုစတင်


2014.09.03
migrant-worker-thai-border-b305 ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားတချို့ကို မဲဆောက်-မြဝတီနယ်စပ်တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။
Photo Courtesy of Sein Kyaw Hlaing

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြ တဲ့ မြန်မာနဲ့ ကမ်ဘောဒီယား ရွှေ့ပြောင်းအလုပ်သ မားတွေ အရေးကို သတင်းဖေါ်ထုတ်ပေးနေတဲ့ ဗြိတိန်နိုင်ငံသား Andy Hall ဟာ မနေ့က ဘန်ကောက် မြို့ တရားရုံးတစ်ရုံးမှာ အသရေဖျက်မှုနဲ့ စတင် အမှုရင် ဆိုင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းက ရန်ကုန်မြို့မှာနေထိုင်တဲ့ သူ့ကို Al Jazeera ရုပ်မြင်သံကြား အစီအစဉ်တစ်ခုမှာ ပြောကြား ခဲ့တာတွေဟာ အသရေဖျက်မှု ဖြစ်တယ်ဆိုပြီး  National Fruit  ထိုင်း သစ်သီးကုမ္ပဏီကြီးက  တရားစွဲ ဆိုတာ ဖြစ်ပါတယ်။

ဒီအလုပ်သမားတွေဟာ သစ်သီးခြံတွေမှာသာမက ပဲ  ပြည်ပကုန်ထုတ်လုပ်ငန်းမှာ အဓိကဖြစ်တဲ့ ငါး၊ ပုဇွန်လုပ်ငန်း၊ ကြက်သားထုတ်လုပ်ရေးလုပ်ငန်း ၊ ရောဘာနဲ့ တခြားစိုက်ပျိုးရေးလုပ်ငန်းတွေမှာလဲ ထိုင်းအလုပ်ရှင်တွေရဲ့ မတရားခေါင်းပုံဖြတ်မှုကို ခံနေကြရတယ်လို့ Andy Hall က အင်တာနက် အီးမေးလ်ကနေ မကြာခဏ သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။

တရားရုံးက ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ရင် လျော်ကြေးအဖြစ် ဘတ်ငွေသန်းပေါင်း ၃ဝဝ ပေးဆောင်ရမှာဖြစ် ပြီး  ထောင်ဒဏ်အနည်းဆုံး တစ်နှစ်ကျခံရဖွယ် ရှိတယ်လို့သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ဦးခင်မောင်ညိန်းက Andy Hall ကို ဆက်သွယ်မေးမြန်းပြီး တင်ပြထားတာ နားဆင် နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။