တိုင်းရင်းသားဒေသ စစ်ပွဲတွေ အမေရိကန်စိုးရိမ်
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရအနေနဲ့ စိုးရိမ်ပူပန်ကြောင်း ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံး ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ မနေ့က ဖေါ်ပြလိုက်ပါတယ်။
တိုက်ပွဲတွေဆက်ဖြစ်နေတဲ့အတွက် အကာအကွယ်မဲ့နေတဲ့လူ့အဖွဲ့အစည်းတွေမှာ မလိုလားအပ်ဘဲ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရသလို တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးသဘောတူညီချက်အတွက် ယုံကြည်မှုကိုလဲ ပျက်ပြားစေတယ် လို့ ဆိုပါတယ်။
ပဋိပက္ခကြောင့်နေရပ်စွန့်ခွာထွက်ပြေးရသူတွေရဲ့လိုအပ်ချက်တွေကို ဦးစားပေးဖို့နဲ့ ထိခိုက်နစ်နာရသူအားလုံးကို လူသား ချင်းစာနာမှုအကူအညီတွေပေးဖို့ကိုလဲ အမေရိကန်ပြည်ထောင်စုက မြန်မာအာဏာပိုင်တွေကိုတိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့အတွက် သက်ဆိုင်သူအဖွဲ့အစည်းအားလုံးက သည်းခံစိတ်နဲ့ ဆွေးနွေးညှိနှိုင်းကြဖို့ကို လဲ အမေရိကန်ပြည်ထောင်စုက မေတ္တာရပ်ခံထားပါတယ်။