ALD ပါတီဗဟိုဌာနချုပ် ကျောက်တော်မှာ ဖွင့်လှစ်


2017.08.20
ald-press-622.jpg ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီခေါင်းဆောင်တွေ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့က ပါတီရဲ့ မူဝါဒရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းခဲ့စဉ်
Photo: Aung Thyei Kha/ RFA

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ဗဟိုဌာနချုပ်ကို ဒီနေ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ ဖွင့်လှစ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ၁၇ ဦးနဲ့ အလုပ်အမှုဆောင် အယောက် ၃၀ ကို ရွေးချယ် ဖွဲ့စည်းလိုက်ပါတယ်။

ကျောက်တော်မြို့နယ်မှာ ပါတီကိုထောက်ခံသူများတဲ့အတွက် ရုံးချုပ်ကို ကျောက်တော်မြို့မှာ ဖွင့်လှစ်ခဲ့တာဖြစ် တယ်လို့ ပါတီဥက္ကဌ ဦးကျော်မြင့် ကပြောပါတယ်။

"သမိုင်းအရလည်း ကျောက်တော်ဒေသဆိုတာ တကယ့် အထင်ကရနေရာတစ်ခုဖြစ်တယ်။  နောက် ပြီးတော့ ဦးတို့ရဲ့ ALD ကိုထောက်ခံတဲ့သူတွေက အဲဒီမှာရှိတော့လေ  ဦးတို့က အဲဒီမှာပဲ ဗဟိုကို ဖွင့်လိုက် တာပေါ့နော်"

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌအဖြစ် ဦးကျော်မြင့်က တာဝန်ယူထားပြီး ဒုတိယဥက္ကဌနှစ်ဦး အဖြစ်  ကျောက်တော် မြို့နယ်က ဦးကျော်အေးနဲ့ ရမ်းဗြဲမြို့နယ်က ဦးအောင်စိုးတို့ကိုရွေးချယ်ခဲ့ပြီး ပါတီအထွေထွေအတွင်းရေးမှူးအဖြစ် ဦးမျိုးကျော်က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီဟာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ ကိုယ်စားလှယ်အများဆုံးအနိုင်ရရှိခဲ့တဲ့ပါတီဖြစ်ပါ တယ်။ ၂၀၁၄ ခုနှစ်မှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP နဲ့ ပေါင်းစည်းပြီး ရခိုင်အမျိုးသားပါတီ ANP အဖြစ် တည်ထောင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ALD ပါတီကို ပြန်လည်ဖွဲ့စည်းရာမှာ အရင်က ALD ပါတီခေါင်းဆောင်ဟောင်း ဦးအေးသာအောင် ပါဝင်ဆောင်ရွက်လိုပါက ပါတီဘက်က ကြိုဆိုသွား မှာ ဖြစ်တယ်လို့ ပြောပါတယ်။

လာမယ့် သြဂုတ်လ ၂၇ ရက်နေ့မှာ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ရမ်းဗြဲ မြို့နယ် ညီလာခံကို ကျင်းပသွားမှာဖြစ်တယ်လို့ပြောပါတယ်။

မကြာခင်မှာ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီဝင်အင်အား တစ်ထောင်စာရင်းကို တင်သွင်းသွား ဖို့လည်း ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။