ဒီမိုကရေစီပန်းတိုင် မရောက်သေးဘူးလို့ ရခိုင်ပါတီခေါင်းဆောင်ပြော


2013.10.12
ald-305.jpg မေလ ၂၅ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ CEC နဲ့ တွေ့ဆုံဆွေးနွေးပွဲကို တွေ့ရစဉ်
photo: RFA/ Min Thein Aung

ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ရည်မှန်းချက်တွေဖြစ် တဲ့  ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးရရှိရေးဟာ ၂၅ နှစ်တာ ကြာမြင့်လာပေမယ့်  မရရှိသေးဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က  ပါတီတည်ထောင်ခြင်း ငွေရတုအခမ်းအနား မှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်က တော်င်နှင်းဆီ စားသောက်ဆိုင်မှာ ဒီနေ့ နေ့လည်ပိုင်းက ကျင်းပတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအထိမ်းမှတ် အခမ်းအနားမှာ ဦးအေးသာအောင်က အခုလို ပြောကြားခဲ့တာပါ။

ဒီနေ့ကာလမှာ နိုင်ငံရေးပါတီတွေ စည်းရုံးခွင့်၊ ဟောပြောခွင့်ရလာတယ်၊ ဒါပေမဲ့ ၈ လေးလုံးအရေးတော်ပုံက မျှော်မှန်းချက်တွေ အထူးသဖြင့် အာဏာရှင်စနစ် ဖယ်ရှားဖို့၊ ဒီမိုကရေစီ ထွန်းကားဖို့ဆိုတဲ့ မျှော်မှန်းချက်တွေ၊ တိုင်းရင်းသားပြည်သူတွေရဲ့ မျှော်မှန်းချက်တွေ ပြည့်ဝပြီလားဆိုတော့ မပြည့်ဝသေးဘူး၊ အရှေ့ကိုအားတင်းပြီးတော့ ကျနော်တို့ ချီတက်ရဦးမယ်”

ဒါ့အပြင် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ အရေးကြီးတဲ့အတွက် လာမယ် ၂၁၄ ခုနှစ်မတိုင်ခင် ပြန်လည်ပြင်ဆင်မလား အသစ်ရေးဆွဲမလားဆိုတာ ဆုံးဖြတ်ဖို့လိုအပ်တယ်လို့လည်း ပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၁၉၉ ရွေးကောက်ပွဲမှာ မဲတတိယအများဆုံးရရှိခဲ့တဲ့ ပါတီလည်းဖြစ်ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP တို့ ပူးပေါင်းပြီး လာမယ့် ၂၁၅ ရွေးကောက်ပွဲအတွက် ပါတီသစ်ထူထောင် ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအထိမ်းမှတ် အခမ်းအနားအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။