ကရင်နီ ၄ ဦးသတ်မှု စုံစမ်းဖို့ AI တောင်းဆို
2018.02.20

မြန်မာအာဏာပိုင်တွေအနေနဲ့ ၂၀၁၇ ခုနှစ်ဒီဇင်ဘာလက အစိုးရစစ်သားတွေသတ်ဖြတ်တာခံခဲ့ရတဲ့ ကရင်နီ အမျိုးသား ၄ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး လွတ်လပ်ပြီး သမာသမတ်ကျ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုပြု လုပ်ပေးဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး AI က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
တပ်မတော်က လက်ရှိပြုလုပ်နေတဲ့ စုံစမ်းစစ်ဆေးမှုဟာ ယုံကြည်လောက်တဲ့ စုံစမ်းမှုမဟုတ်ဘဲ အမှန်တရားကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကရင်နီအမျိုးသား ၄ ယောက်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာနဲ့ ဒေါတခြား ကျေးရွာကြားမှာရှိတဲ့ KNPP ရဲ့ ယာယီစစ်ဆေးရေးဂိတ်ကို တပ်မတော်က ဝင်ရောက်စီးနင်းပြီး KNPP တပ်ဖွဲ့ဝင် ၄ ယောက်ကို သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။