အချင်းချင်း ရိုင်းပင်းကူညီဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံ

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ၈၈ မျိူးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ တခြား နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံပွဲ အခမ်းအနားကို ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ စိမ်းလန်းစိုပြည် စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။

2012.01.31
88-pol-prisoner-b305.jpg ၈၈ မျိူးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပနေစဉ်
RFA

ဒီပွဲကို အမေရိကန်စင်တာမှာ အင်္ဂလိပ် စာသင်ယူနေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ဦးဆောင် စီစဉ်တာပါ။

နိုင်ငံရေး အကျဉ်းသားဟောင်းတွေအတွက် အနာဂတ်ဘ၀ ထူထောင်ရေးနဲ့ပတ်သက်လို့ အချင်းချင်း ကူညီ အားပေးနိုင်အောင် အခုလို တွေ့ဆုံပွဲ လုပ်တာလို့ ဒီပွဲကို စီစဉ်သူတစ်ဦးဖြစ်တဲ့ အမေရိကန်စင်တာမှာ ပညာသင်ယူနေသူ နိုင်ငံရေး အကျဉ်းသူဟောင်း မဇင်မာအောင်က ပြောပါတယ်။ ပြန်လွတ်လာစမှာ မိသားစု အပါအဝင် အသိုင်းအဝိုင်းနဲ့ အစပ်အဟပ ်မတည့်တာတွေ ကြုံတတ်ကြပြီး ဖြတ်သန်းမှုတူတဲ့ လွတ်လာသူ အချင်းချင်း ရင်ဖွင့်ပြောဆိုတဲ့အခါ နားလည်မှုရှိလို့ ပိုအဆင်ပြေကြောင်း ပြောပါတယ်။

တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကတော့ စစ်အာဏာရှင်စနစ်ကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ ဘဝတွေ ပျက်ခဲ့ရတယ်လို့ ပြောပါတယ်။

“တစ်ယောက်နဲ့ တစ်ယောက် အရင်ဆုံး လိပ်စာတွေ ဖလှယ်ကြမယ်ဗျာ။ တစ်ယောက် လိုအပ်ချက်တွေ တစ်ယောက် ကြည့်ကြမယ်။ သူ့ကွက်လပ်ကို ကိုယ်ဖြည့်နိုင်ရင်လည်း ဖြည့်၊ ကိုယ့်ကွက်လပ်ကို သူဖြည့်နိုင်ရင်လည်း ဖြည့်ပေါ့။ ကျွန်တော်တို့က ကွက်လပ်တွေကို အရင်ဆုံး ရှင်းပြကြရမှာပဲ။ ပြီးရင် ကိုယ်ဖြည့်နိုင်တဲ့ အပိုင်းကို ဖြည့်ကြမယ်။ နောက်တစ်ခါကျတော့ ဘဝတွေ အတူတွဲပြီးတော့ ပြန်လည် တည်ဆောက်နိုင်ဖို့ ကျွန်တော်တို့ တိုင်ပင်ကြရပါလိမ့်မယ်” ဒီတွေ့ဆုံပွဲကို ကိုမင်းကိုနိုင်၊ ကိုကိုကြီးအပါအဝင် တခြား ၈၈ မျိူးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊ ကျောင်းသား သမဂ္ဂခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။