မြစ်ကြီးနားပဲ့တင်သံ ကြေညာချက် ၈၈တို့ သတင်းစာရှင်း
2012.02.29

RFA
ကချင်ပြည်နယ် မြစ်ကြီးနားခရီးစဉ်က ပြန်ရောက်လာတဲ့၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ရန်ကုန်လေဆိပ်မှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာပါ။
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အချက် ၄ ချက်ပါ
"မြစ်ကြီးနား ပဲ့တင်သံ" ကြေညာချက် ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ ကိုမြအေးက ရှင်းပြခဲ့ပါတယ်။
ကိုမြအေးနဲ့အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုကလည်း ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရတာတွေကို ပြောကြားခဲ့ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မြစ်ကြီးနားခရီးစဉ်အတွင်း ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး
အလွှာအသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပြီး လက်ရှိ နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ထုတ်ပြန်လိုက်တဲ့ "မြစ်ကြီးနားပဲ့တင်သံ" ကြေညာချက်ကိုလည်း ဝေငှခဲ့ပါတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုမြအေး အပါအဝင် ၈၈ မျိုးဆက်
ကျောင်းသားများအဖွဲ့ဟာ ဖေဖော်ဝါရီ ၂၃ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုရောက်ခဲ့ပြီး မြစ်ကြီးနားမြို့ အထက်ဘက် မြစ်ဆုံစီမံကိန်း တည်ရှိရာ တန်ဖရဲကျေးရွာမှာ ကျင်းပတဲ့ “မြစ်ဆုံကျေးဇူး ပဲ့တင်သံ” ဆိုတဲ့ ပွဲကို တက်ရောက်ခဲ့ကြပါတယ်။