၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး ပေါင်းတည်မှာ ဆန္ဒပြ


2018.02.27
constitution-amendment-paungtay-622.jpg ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းပေးဖို့ ပေါင်းတည်မြို့မှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဆန္ဒပြစဉ်
Photo: Win Hlaing Facebook

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့မှာ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးအတွက် ပေါင်းတည်မြို့ ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ဦးဆောင်ပြီး လူဦးရေ ၁၀၀ ဝန်းကျင်လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးအတွက် ဟောပြောခဲ့တယ်လို့ ပေါင်းတည်မြို့ ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ဦးခင်မောင်လှိုင် က ပြောပါတယ်။

"မှတ်တိုင်လမ်းကနေပြီးတော့ ရန်ကုန်-ပြည် လမ်းဆုံ အာဇာနည်ကျောက်တိုင်ရှေ့မှာ ရပ် ပြီးတော့ ဟောပြောတယ်၊ ဒီ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးအတွက် ဟောပြော တယ်ပေါ့၊ ကြွေးကြော်သံတွေနဲ့ ကျနော်တို့ ဆန္ဒဖော်ထုတ်တယ်ပေါ့။"

ဟောပြောရာမှာ တရားလွှတ်တော်ရှေ့နေ တစ်ဦးအပါအဝင် ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင်တွေ စုစုပေါင်း ၅ ယောက်က ဟောပြောခဲ့ကြတာဖြစ်ပါတယ်။   

အလားတူဆန္ဒပြပွဲတွေကို  ပဲခူးတိုင်းအနောက်ခြမ်းက မြို့တိုင်းမှာ ပြုလုပ်သွားဖို့ ဆောင်ရွက်သွား မှာဖြစ်ပြီး ပြည်ခရိုင် ၆ မြို့နယ်ပေါင်း ဆန္ဒပြတောင်းဆိုမှုလည်း ပြုလုပ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရတာဝန်ယူပြီးနောက် ပြီးခဲ့တဲ့နှစ်ကုန်လောက်ကစတင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပယ်ဖျက်ရေး ဆန္ဒပြတောင်းဆိုပွဲတွေ  ပြန်လည်ပေါ်ပေါက်လာပါတယ်။

၂၀၁၄ ခုနှစ်လောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ဟောပြောပွဲတွေပြုလုပ်တာ၊ လက်မှတ်ကောက်ခံတာတွေ ရှိခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး လက်မှတ်ကောက်ခံရာမှာ လက်မှတ်ပေါင်း ၅သန်းကျော်ရရှိခဲ့ပြီး ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားတာရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။