အာဏာသိမ်းမှုကြောင့် UNESCO စာရင်းဝင်ဖို့ အလှမ်းဝေးနေဆဲမြောက်ဦး

2022.08.05
အာဏာသိမ်းမှုကြောင့် UNESCO စာရင်းဝင်ဖို့ အလှမ်းဝေးနေဆဲမြောက်ဦး ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့။
Photo: RFA

မြန်မာနိုင်ငံမှာ ရခိုင်လူမျိုးတွေနဲ့ မြန်မာ့ရှေးဟောင်းအမွေအနှစ် ချစ်မြတ်နိုးသူတွေ အထွတ်အမြတ်၊ တန်ဖိုးထားရတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြို့တော်ဖြစ်တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြောက်ဦးဒေသကို ကမ္ဘာ့ကုလသမဂ္ဂ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်း (UNESCO) ဝင်ဖို့ ၂၀၁၆ ခုနှစ်ကတည်းက ရှေးဟောင်းသုတေသနဌာနနဲ့ ပညာရှင်တွေက စတင်ကြိုးပမ်း ခဲ့ကြတာ အခုဆို ၆ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်နိုင်ဖို့အတွက် ရှေးဟောင်းသုတေသနဌာနနဲ့မြောက်ဦးရှေးဟောင်းအမွေ အနှစ်ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းကြိုးစား ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှူးအ မွေအနှစ်ယူနက်စကို စာရင်းတင်သွင်းနိုင်ရေးအတွက် ရေအသုံးချမှုဆိုင်ရာ ကိစ္စရပ်တွေကို မကြာသေးခင်က ပညာရှင်တွေ လာရောက်ကွင်းဆင်းစစ်ဆေး ခဲ့ကြတယ် လို့ မြောက်ဦးအမွေ အနှစ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌဒေါ်ခင်သန်းက ပြောပါတယ်။

ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ကြီးရဲ့ အသိအမှတ်ပြု ယဉ်ကျေးမှု အမွေအနှစ်ဒေသ တစ်ခုဖြစ်လာစေရေးအတွက် မြောက်ဦးတစ်မြို့လုံးကိုဆောင်ရွက်နေကြတာမဟုတ်ဘဲ မြောက်ဦးမှာရှိတဲ့ ရှေးဟောင်းအမွေအ နှစ်တွေထဲက ရေစီမံခန့်ခွဲမှုတစ်ခုကိုပဲ တင်သွင်းဖို့ပြင်ဆင်နေကြတာလို့လည်း သိရပါတယ်။

မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရေးအတွက် အဆိုပြုလွှာမူကြမ်းကို ၂၀၁၉ ခုနှစ်၊စက်တင်ဘာ ၂၅ ရက်နေ့က တင်သွင်းခဲ့ပြီးအဆိုပြုလွှာအချောသတ်ကို ၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလ မကုန်ခင်မှာ တင်သွင်းခဲ့ရမှာဖြစ်ပေမယ့်ရခိုင်စစ်ပွဲကြောင့် ကြန့်ကြာနှောက်နှေးခဲ့ရတယ်လို့ သိရပါတယ်။

ရခိုင်မှာပြီးခဲ့တဲ့၂၀၁၈ခုနှစ်မှ၂၀၂၀ပြည့်နှစ်အတွင်းမြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(အေအေ)တို့ကြားတိုက်ပွဲကာလတွေမှာ မြန်မာစစ်တပ်ရဲ့လက် နက်ကြီးရမ်းသတ်ပစ်ခတ်မှုကြောင့် ရှေးဟောင်းဘုရား၊ပုထိုး၊စေတီတချို့ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်းက လက်ရှိဆောင်ရွက်နေမှုတွေကို ပြောပါတယ်။

ယူနက်စကိုဝင်ရေးအဆိုပြုလွှာကို၂၀၂၁ ခုနှစ်၊ဇန်နဝါရီမှာ တင်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် စစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့် အချိန်တစ်နှစ်အထိနောက်ကျနေခဲ့ရပြီး ဒီ ၂၀၂၂ ခုနှစ်မှသာ ပြန်လည်တင်သွင်းခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ခုတော့မြောက်ဦးကရှေးဟောင်းအမွေ အနှစ်တွေကို ကမ္ဘာကသိလာအောင် အမွေအနှစ် စာရင်း ဝင်နိုင်ရေးအတွက် နောက်ဆုံးအဆင့်အ ပြီးသတ်အစီရင်ခံစာအဆိုပြုလွှာကို ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလပထမပတ်က ပြင်သစ်နိုင်ငံ၊ပါရီမြို့ရှိ ရုံးချုပ်သို့ တင်သွင်းထားပြီး အသိအမှတ်ပြု အတည်ပြုချက်ရမရ စောင့်ကြည့်ရမှာဖြစ်တယ်လို့ 'ဒေါ်ခင်သန်းက ပြောပါတယ်။

Sequence 1113.00_00_30_24.Still005.jpg

ဒါပေမယ့်မြောက်ဦးယူနက်စကိုဝင်ရေးမှာအခက်အခဲစိန်ခေါ်မှုတွေရှိနေပြီး
မြောက်ဦးမြို့မှာ စွန့်ပစ်အမှိုက်များဖြင့် ညစ်ညမ်းနေခြင်း၊ချောင်းမြောင်း၊အင်း အိုင်၊ကျုံးတွေမှာ တူးဖော်မြေဖို့တာတွေ၊ေ တာင်တွေဖြိုဖျက်တာတွေ၊ ရှေးဟောင်းနယ်မြေအတွင်း ကျူကျော် ဝင်ရောက်နေထိုင်တာတွေက အဟန့်အတားဖြစ်နိုင်တယ်လို့ ရှေးဟောင်းယဉ်ကျေးမှုပညာ ရှင်တွေက ပြောဆိုထားကြပါတယ်။

မြောက်ဦးရှေးဟောင်းအမွေအနှစ်တွေကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ဖက်ကလည်း ထိမ်းသိမ်းကာကွယ်စောင့်ရှော င်းသွားမယ်လို့ အေအေအဖွဲ့ရဲ့ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခက ဧပြီလ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။

“အပြည့်အဝကာကွယ်စောင့်ရှောက်နေကြပြီလားလို့မေးရင် အခုကတော်လှန် ရေးကာလဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ အပြည့်အဝကာကွယ် စောင့် ရှောက်နိုင်တဲ့အနေအထားမရှိသေးပါဘူး။သို့သော် ဒီဟာတွေကို အပြည့်အဝကာကွယ်စောင့်ရှောက်နိုင်တဲ့နေ့မှာ သ မိုင်းအမွေအနှစ်တွေ လုံးဝမပျက်စီးစေရန် အတတ်နိုင်ဆုံး ကြိုးစားပြီးထိန်း သိမ်းစောင့်ရှောက်သွားမှာကို ကျနော်တို့ သန္နိဌာန်ချမှတ်ထားပါတယ်။”

ရခိုင်သာမက မြန်မာတစ်နိုင်ငံလုံးအတွက်ပါ တန်ဖိုးကြီးမားတဲ့မြောက်ဦးမှရှေးဟောင်းအ မွေအနှစ်တွေကို အာ ဏာသိမ်းစစ်တပ်ကကမ္ဘာ့အသိအမှတ် ပြုနိုင်အောင်ကြိုးစား ဆောင်ရွက်နိုင်မလားဆိုတာက စိတ်ဝင်စားစရာကောင်းနေတယ်လို့ ဒေသခံတွေက သုံးသပ်ပြောနေတာလည်း ရှိပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။