ကချင်ဆရာမနှစ်ဦးအသတ်ခံရမှု ငါးနှစ်ပြည့်
2020.01.17
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ တပ်မတော်ဘက်ကရော၊ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကပါ လူ့အခွင့်အရေး ချိုးဖောက်တဲ့သတင်းတွေ ကြားနေရပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ်မြို့နယ်ခွဲက ကောင်းခါးကျေးရွာမှာ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ရဲ့ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦးဖြစ်တဲ့ မရမ်-လုရာနဲ့ တန်ဘောင်-ခေါ်န်နန်စင်တို့ အဓမ္မ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။
အခုလ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ဒီဆရာမနှစ်ဦး အသတ်ခံခဲ့ရတာ ၅ နှစ်ပြည့်သွားပြီဖြစ်ပေမယ့် ပြစ်မှုကျူးလွန်တဲ့ တရားခံတွေကို မဖော်ထုတ်နိုင်သေးပါဘူး။
ကချင်ပြည်နယ် ဂျာမိုင်ကောင်း ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ တန်ဘောင်-ခေါ်န်နန်စင်ရဲ့ မိခင်ဖြစ်သူကတော့ သမီးဖြစ်သူနဲ့ ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ဖို့ မျှော်လင့်နေဆဲပါပဲ။ ဒီအမှုနဲ့ပတ်သက်တဲ့ နောက်ဆုံးအခြေအနေတွေကို RFA ဝိုင်းတော်သား စောဖိုးခွားနဲ့ အဲလိဇဘက်ဂျန်မာတို့က တင်ပြထားပါတယ်။
ရိုက်ကူး - အဲလိဇဘက်ဂျန်မာ