နိုင်ငံတကာအမျိုးသမီးများနေ့
နေရိန်ကျော် (ဝါရှင်တန်ဒီစီ)
2022.03.07
2022.03.07
မတ်လ ၈ ရက်နေ့ကို နိုင်ငံတကာအမျိုးသမီးများနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရပ်စ်က “အမျိုးသမီးထုအခွင့်အရေးအတွက် နာရီလက်တံရှေ့ကို တိုးလိုက်ပါ” လို့ ဒီနှစ်မှာ ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့အဖြစ် ကမ္ဘာကြီးကို သတင်းစကားပြောပါတယ်။
မြန်မာနိုင်ငံမှာလည်း စစ်တပ်က အာဏာသိမ်းထားတဲ့အတွက် စစ်အာဏာရှင်လွတ်မြောက်ရေး ကြိုးပမ်းမှုမှာ အမျိုးသမီးတွေဟာ ရှေ့တန်းကနေ ပါဝင်နေပြီး အသတ်ဖြတ်ခံရ၊ ဖမ်းဆီးချုပ်နှောင်နှိပ်စက်ခံရသလို ကိုယ့်ကိုယ်ပိုင်ဘဝတွေစွန့်ပြီး အမျိုးသားတွေနဲ့တန်းတူ တောထဲတောင်ထဲမှာ ဆက်လက် တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတွေ အမြောက်အမြား ရှိနေပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့တစ်နှစ်ကျော်အတွင်း RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ သတ္တိရှင်အမျိုးသမီးတချို့ရဲ့ ပြောကြားချက်တွေကို ကောက်နုတ်စုစည်း တင်ပြထားပါတယ်။