တပ်ပါဝင်မှုနှုန်း တိုးမြှင့်ဖို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ဆွေးနွေး
2019.07.30
လွှတ်တော်တွင်းမှာ တပ်မတော်သားပါဝင်မှုကို လက်ရှိ ၂၅ ရာခိုင်နှုန်းကနေ ၅ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်သင့်တယ်လို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တိုက်တွန်းလိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၁၇ ဦးက စတင်ဆွေးနွေးရာမှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက တိုက်တွန်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
RFA သတင်းထောက် ကိုသီဟထွန်းနဲ့ ကိုဝင်းကိုကိုလတ်တို့ ပေးပို့ပြီး ကိုသီဟထွန်း က တင်ပြထားပါတယ်။။