စစ်ကောင်စီကို အရေးယူနိုင်အောင် ဆက်လက်တောင်းဆိုမယ်လို့ ဦးကျော်မိုးထွန်း ပြော

ခင်ခင်အိ (ဝါရှင်တန်ဒီစီ)
2023.03.14

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာ (Noeleen Heyzer)နဲ့ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ ရက်နို မာဆူဒီ (Retno Marsudi) တို့ မတ်လ ၁၃ ရက်နေ့ ညနေပိုင်းက လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီတံခါးပိတ်အစည်းအဝေးမှာ ပြောဆိုတာတွေကို ထုတ်ပြန်မှာ မဟုတ်ပေမယ့် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေအနေနဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာနဲ့ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်က နန်းနိမ့်ရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားတွေကို အစုအပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုတွေအပါအဝင် မြန်မာနိုင်ငံရဲ့နောက်ဆုံးအခြေအနေတွေကို ကောင်းစွာသိရှိနေကြပြီးဖြစ်ပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့ညနေက RFA ကို ပြောပါတယ်။

စစ်ကောင်စီကို အရေးယူနိုင်အောင် သူ့အနေနဲ့ ကုလသမဂ္ဂမှာ ဆက်ပြီးတောင်းဆိုသွားမယ်လို့လည်း ပြောပါတယ်။ ဦးကျော်မိုးထွန်းကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။