Move Forward ပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဖြစ်လာရင် ထိုင်းနဲ့NUG ချိတ်ဆက်မှု ပိုကောင်းလာနိုင်
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.05.24
2023.05.24
ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ Move Forward ပါတီအနိုင်ရတာဟာ မြန်မာနိုင်ငံဒီမိုကရေစီအရေးအတွက် ကောင်းတဲ့အပြောင်းအလဲ ဖြစ်ပြီး ပါတီခေါင်းဆောင် ပီတာလင်ဂျာရွှန်ရက်သာ ဝန်ကြီးချုပ်ဖြစ်လာမယ်ဆိုရင် ထိုင်းအစိုးရနဲ့အမျိုးသားညီညွတ်ရေးအစိုးရကြား ချိတ်ဆက်မှု ပိုအားကောင်းလာနိုင်တယ်လို့ NUG ဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။
ဒါ့အပြင် အာဆီယံမှာ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး ရပ်တည်ပြောဆိုလေ့ရှိတဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူတို့နဲ့ ထိုင်းနိုင်ငံဟာ ပူးပေါင်းလာနိုင်ခြေရှိတယ်လို့ ဒေါက်တာဆာဆာကပြောပါတယ်။
ထိုင်းနိုင်ငံရွေးကောက်ပွဲနဲ့ မြန်မာနိုင်ငံအရေးဆက်စပ်မှု၊ ICJ မှာ စစ်ကောင်စီထုချေရမယ့် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်တွေနဲ့ ပတ်သက်လို့ NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကို မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။