သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-29
နာရေးကူညီမှုအသင်း ဥက္ကဌ၊ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ရဲ့ Walking a fine Line ကြိုးတန်းပေါ် လမ်းလျှောက်ခြင်း ရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာ မနေ့ကစပြီး ရုံတင်ပြသနေပါပြီ။
2015-09-28
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းကို နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော် ကိုယ်စား လှယ်လောင်းတွေ မဲဆွယ်စည်းရုံးရာမှာ အသုံးမပြု ဖို့ ပြည်နယ်အစိုးရက ထုတ်ပြန်တားမြစ် လိုက်ပါတယ်။
2015-09-28
မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးရေး တိုးတက်မှုနဲ့ နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးများလာဖို့ဟာ ၂ဝ၁၅ ရွေးကောက်ပွဲရဲ့ ပွင့်လင်းမြင်သာမှုနဲ့ တရားမျှ တမှုတွေအပေါ်မှာ အများကြီး မူတည်နေတယ်လို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ရဲ့ ဥက္ကဌ ဦးဝင်းအောင်က သုံးသပ်လိုက်ပါတယ်။
2015-09-28
ဧရာဝတီတိုင်းဒေသကြီး ဟသာၤတခရိုင်မှာ ရေကြီးနစ်မြုပ်နေတဲ့ မြို့နယ် ၄ ခုကို မဲစာရင်းကြေညာတဲ့ ရက်ထပ်တိုးပေးထားပါတယ်။ တစ်ခရိုင်လုံး မဲပေးခွင့်ရှိသူ ဦးရေ ၈ သိန်းကျော် ရှိပေမယ့် လက်ရှိ အချိန်ထိ မဲစာရင်းလာရောက်ကြည့်ရှုသူ ဦးရေ လေးသောင်းကျော်သာ ရှိပါတယ်။
2015-09-28
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် မကြာသေးခင်က အနားယူခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်အုန်းဟာ ရခိုင်ပြည်နယ် အမ်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ရောက်အရွေးခံမှာဖြစ်ပါတယ်။
2015-09-28
မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဝေးလံခေါင်သီပြီး၊ ဗမာစကားနားမလည်တဲ့ ဒေသတွေမှာ သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့တွေက အသိပညာပေး လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ ရွေးကောက်ပွဲအသိပညာပေး လုပ်ဆောင်နေတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
2015-09-28
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအနေနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် အောင်မြင်စွာနဲ့ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် တိုင်းရင်းသား ခေါင်းဆောင်တွေဆီကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ကိုယ်တိုင်သွားရောက်ရှင်းပြနေတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးဌာနရဲ့ ဒါရိုက်တာ ဦးညိုအုန်းမြင့်က ပြောပါတယ်။
2015-09-28
ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ကလျာစိုးဟာ ဒီကနေ့ သူ့ရဲ့မဲဆန္ဒနယ်မြေထဲမှာ တစ်အိမ်တက်ဆင်း လိုက်လံမဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-09-28
ဒီနေ့ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၇ နှစ်မြောက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် ဖေါ်ဆောင်နိုင်မယ့်ပါတီအဖြစ် ရပ်တည်သွားမယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
2015-09-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်း တိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် ထမံသီ ရွေးကောက်ပွဲအောင်နိုင်ရေး အသိပညာပေး ဟောပြောခဲ့ပါတယ်။
2015-09-27
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်မှာ ဒီမိုကရက်ပါတီ (မြန်မာ) က ပါတီလက်ကမ်းစာစောင်တွေကို ဝေငှပြီး ဒီကနေ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-09-27
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ အဆင့်မြင့်ညှိုနှိုင်းရေးအဖွဲ့ SD တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ စက်တင်ဘာလ ၂၈ ရက်ကနေ ၃ဝ ရက်အထိ ၃ ရက်ကြာကျင်းပသွားမှာဖြစ်ပါတယ်။
2015-09-27
ကချင်ပြည်နယ် ချီဖွေ၊ ဝိုင်းမော်နဲ့ ဆော့လော်မြို့နယ်တွေက ကျေးရွာတွေမှာ နိုင်ငံရေး ပါတီတွေက လွှတ်တော်ကိုယ်စား လှယ်လောင်းတွေ မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့ ကချင်ပြည်နယ်အထူးဒေသ (၁) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းက တားမြစ်တဲ့စာတွေ ထုတ်ပြန်လိုက်တာဟာ တရားဥပဒေနဲ့ မညီဘူးလို့ ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်။
2015-09-26
ကချင်ပြည်နယ်မှာ အခုလအလယ်လောက်က စတင်ဖြစ်ပွားတဲ့ အစိုးရတပ်နဲ့ KIA အဖွဲ့တွေအကြား တိုက်ပွဲတွေဟာ မန်စီမြို့နယ်အတွင်းမှာ ပိုမိုပြင်း ထန်လာနေပြီး မနေ့ကဆိုရင် အစိုးရတပ်တွေက မန်စီမြို့ထဲက ကုန်းမြင့်တွေကနေ KIA တပ်စခန်း ရှိတဲ့နေရာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
2015-09-25
ကချင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း ၉ဝ ကျော်မှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မဲပေးနိုင် သူတွေအနေနဲ့ မဲစာရင်းမှာ မိမိတို့နာမည်ပါအောင် သက်ဆိုင်ရာ ကော်မရှင်ရုံးခွဲတွေမှာ လျှောက်ထားနိုင် တယ်လို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ က ပြောပါတယ်။