သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-30
မလေးရှားနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း ဖမ်းဆီးရမိသူ ၄ ဦးကို ရန်ကုန်နဲ့ ထားဝယ်က တရားရုံးတွေမှာ မနေ့က တရားစွဲဆိုလိုက်ပါတယ်။
2018-06-29
လာမယ့် ၂၁ ရာစုပင်လုံညီလာခံအစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပနိုင်ဖို့ UPDJC အစည်းအဝေးကို ဇွန်လ ၂၉ ရက်နေ့က နေပြည်တော် NRPC ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
2018-06-29
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂ဝ၁၈ ခုနှစ် လူကုန်ကူးမှုအစီရင်ခံစာမှာ မြန်မာနိုင်ငံကို လူမှောင်ခိုကူးမှု အဆိုးဝါးနိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြလိုက်ပါတယ်။ လူမှောင်ခိုကူးမှု အဆိုးဝါးဆုံး အဆင့် (၃) စာရင်းထဲမှာ မြန်မာနိုင်ငံနဲ့အတူ အီရန်၊ တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေကို ထည့်သွင်းဖော်ပြထားပြီး မြန်မာအစိုးရအနေနဲ့ လူမှောင်ခိုကူးမှုပပျောက်ရေး ဆောင်ရွက်ရာမှာ အားနည်းတယ်လို့ ဖော်ပြထားပါတယ်။
2018-06-28
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တအာင်းပလောင်ဒေသက မန်နိမ်အွမ်ရွာကို ဒီကနေ့ မနက်အစောပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၈ နှစ်အရွယ် ကလေးငယ်တဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားပါတယ်။
2018-06-28
ရခိုင်ပြည်နယ်က လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေမှာ မြန်မာ့တပ်မတော်က တာဝန်ရှိတယ် ဆိုတဲ့အကြောင်း Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ပါတယ်။
2018-06-28
မြေယာအငြင်းပွားမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တောင်သူလယ်သမားတွေနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ပူးပေါင်းပြီး ဇွန်လ ၃ဝ ရက်၊ ခုလာမယ့်စနေနေ့မှာ ချီတက်ဆန္ဒပြကြမယ်လို့ သိရပါတယ်။
2018-06-28
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တွေဟာ နေပြည်တော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင်နောင်ခန်းမမှာ ၂ဝ၁၈ ဇွန်လ ၂၈ ရက်နေ့က တွေ့ဆုံပြီး လွတ်လပ်စွာ သတင်းရယူခွင့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
2018-06-28
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စီးပွားရေးလုပ်ကိုင်ဖို့ ဥပဒေ ရေးဆွဲ ထည့်သွင်းထားတဲ့ အခန်းတစ်ခုလုံးကို ပယ်ဖျက်ပြီး အပြောင်းအလဲတွေ အများအပြားပါဝင်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ (မူကြမ်း) ကို တိုင်းလွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2018-06-28
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်က ဂူကြီး အတွင်း ပျောက်ဆုံးနေတဲ့ လူငယ်တွေကို ရှာဖွေနေပုံနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် ကရင်အမျိုးသား မီဒီယာ တာဝန်ခံ မန်းမျိုးမြင့် ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထား ပါတယ်။
2018-06-27
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်က Impak Gear Myanmar စက်ရုံမှာ လုပ်ခလစာနဲ့ အလုပ်သမား အခွင့်အရေးတွေကို အစိုးရက ပြဋ္ဌာန်းထားတဲ့ အတိုင်း မပေးတဲ့အတွက် အလုပ်သမားတွေ ဆန္ဒပြနေကြတာ ၂ ပတ်နီးပါး ရှိနေပြီဖြစ်ပါတယ်။
2018-06-26
လာမယ့် ဇူလိုင်ကုန်လောက်မှာ ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်း၊ မော်လူး၊ မော်ဟန်နဲ့ ရှမ်းပြည်နယ် မိုင်းရှူးရတနာမြေတွေမှာ လက်လုပ်လက်စား လုပ်ကွက်တွေကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တရားဝင်ခွင့်ပြုပေးဖို့ စီစဉ်နေပါတယ်။
2018-06-26
မြန်မာနိုင်ငံမှာ ညှဉ်းပန်းနှိပ်စက်မှုတွေလျော့နည်းပပျောက်အောင် လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ပြီး နိုင်ငံရေးဆွေးနွေးဖို့လိုသလို၊ နှိပ်စက်သူတွေကို ဥပဒေအရ အရေးယူဖို့ လိုအပ်တယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။
2018-06-26
မန္တလေးတိုင်း မေမြို့ခေါ် ပြင်ဦးလွင်မြို့နယ်မှာ ပြည်သူပိုင်သိမ်းတယ်လို့ နာမည်ခံပြီး တိုင်းသမဝါယမအသင်းက ရယူထားတဲ့ မြေယာအမှုမှာ ပိုင်ရှင်အစစ်အမှန် ပေါ်ပေါက်ခဲ့ပေမယ့် ဒီအမှုကို ဖြေရှင်းမပေးနိုင်ကြောင်း တိုင်းဝန်ကြီးချုပ်ရုံးက အကြောင်းပြန်ခဲ့ပါတယ်။
2018-06-25
ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားနဲ့ နိုင်ငံရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီနေ့ ဆွေးနွေးပွဲကျင်းပဖို့ စီစဉ် ထားပေမယ့် ခွင့်ပြုမိန့်မရလို့ ရက်ရွှေ့ဆိုင်း လိုက်ရပါတယ်။
2018-06-25
အသက်မပြည့်သေးတဲ့ မသန်စွမ်းကလေးငယ်တစ်ဦး တပ်မတော်သားအဖြစ် စုဆောင်းခံရတဲ့ သတင်းနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ဖို့ကြိုးစားတဲ့ Myanmar Now သတင်းဂျာနယ်က သတင်းထောက် ၃ ဦးဟာ ဧရာဝတီတိုင်း ရေကြည်စစ်ကြောရေးစခန်းမှာ ခေတ္တထိန်းသိမ်းခံခဲ့ရပါတယ်။