သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-11-28
နိုင်ငံ့ရေးရာ မေးစရာ အစီအစဉ်မှာတေ့ာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်သီရိရတနာကို RFA-ဝိုင်းတော်သူ မသက်စုအောင် က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
2019-11-27
တပ်မတော်ဘက်က စစ်ရပ်စဲရေးကြေညာဖို့လိုသလို မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့တွေကလည်း လိုတိုးပိုလျှော့ပုံစံနဲ့ ဆွေးနွေးကြမယ်ဆိုရင် အမြန်ဆုံးငြိမ်းချမ်းရေးရနိုင်မှာဖြစ်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် SSPP/SSA ဘက်က တိုက်တွန်းလိုက်ပါတယ်။
2019-11-23
အာဂျင်တီးနားဖက်ဒရယ်တရားရုံးမှာ စွဲဆိုခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လက်ရှိ သမ္မတ ဦးဝင်းမြင့်နဲ့ သမ္မတဟောင်း နှစ်ဦးတို့ အမှု ရင်ဆိုင်ဖို့ပျက်ကွက်ရင် တရားရုံးဘက်က ဖမ်းဝရမ်းထုတ်ပြီး ရာဇဝတ်သားများ လွှဲပြောင်းရေး သဘောတူစာချုပ် (extradition treaty) ကို အသုံးပြုပြီး ဖမ်းခိုင်းတဲ့အထိ ဖြစ်လာနိုင်ကြောင်း ဥပဒေပါရဂူဘွဲ့ရ ဒေါက်တာ အင်ဒရူး ငွန်ကျူံးလျန်က RFA နဲ့ သီးသန့်အင်တာဗျူးမှာ ရှင်းပြထားပါတယ်။
2019-11-22
မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုထားတဲ့အမှုမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာနဲ့ ပတ်သက်ပြီး သက်သေအထောက်အထားတွေ အမြောက်အမြား ရှိနေတယ်လို့ ဂမ်ဘီယာနိုင်ငံဘက်က အမှုလိုက်ပေးနေတဲ့ Foley Haog ရှေ့နေအဖွဲ့က ပြောလိုက်ပါတယ်။
2019-11-22
နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) နဲ့ ပူးပေါင်းဖို့ မြန်မာဘက်ကငြင်းပယ်ရင် နောက်ဆက်တွဲက ပိုရှုပ်ထွေးလာနိုင်ကြောင်းနဲ့ ICC ဟာ အစွယ်မရှိတဲ့ကျားကြီး paper tiger မဟုတ်ကြောင်း ဥပဒေပါရဂူဘွဲ့ရ ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန်က RFA နဲ့ သီးသန့်အင်တာဗျူးမှာ သုံးသပ်ပြထားပါတယ်။
2019-11-21
မြန်မာအနေနဲ့ ရခိုင်မြောက်ပိုင်းကကိစ္စတွေကို ကုလသမဂ္ဂရဲ့ လူမျိုးတုံးသတ်ဖြတ်မှု သဘော တူညီချက်ကို မကျူးလွန်ဘူး ငြင်းဆိုဖို့ခက်ခဲကြောင်း အမေရိကန်ပြည်ထောင်စု အင်ဒီယားနားတက္ကသိုလ် ကနေ ဥပဒေသိပ္ပံပါရဂူဘွဲ့ရထားတဲ့ ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန် က RFA နဲ့ သီးသန့် အင်တာဗျူးမှာ သုံးသပ်ပြထားပါတယ်။
2019-11-21
နိုင်ငံ့ရေးရာ မေးစရာ အစီအစဉ်မှာတေ့ာ ကချင်ပြည်နယ် ပြည်သူ့ပါတီ အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လမာနော်အောင်ကို RFA-ဝိုင်းတော်သား ကိုသီဟထွန်းက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
2019-11-15
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုအခြေအနေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း နိမ့်ကျနေပြီး ဒေသတွင်းမှာ အနိမ့်ဆုံးကို ရောက်နေတယ်လို့ ဝါရှင်တန်ဒီစီမြို့တော် Georgetown တက္ကသိုလ်က အမျိုးသမီးများ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
2019-11-14
ဒီတစ်ပတ်“နိုင်ငံ့ရေးရာမေးစရာ” အစီအစဉ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးကို RFA ဝိုင်းတော်သူ မအေးအေးမွန်က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
2019-11-10
ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာလ ၃ ရက်နေ့ကတည်းက ဖမ်းထားတဲ့ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ ပတ်သက်လို့ ဇနီးသည်က စိုးရိမ်နေပါတယ်။
2019-11-07
ဒီတပတ် “နိုင်ငံ့ရေးရာ မေးစရာ” အစီအစဉ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင် ကို RFA- သတင်းထောက် မသက်စုအောင် က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
2019-11-01
မြန်မာလူငယ်ထုကြားမှာ စာကောင်းပေကောင်း ဖတ်ရှုတဲ့အလေ့အကျင့် တနေ့တခြား နည်းပါးလာနေပါတယ်။ ဒါဟာ အနာဂတ်မြန်မာနိုင်ငံအတွက် စိုးရိမ်စရာ ဖြစ်လာနေတယ်လို့လည်း လူငယ်တချို့က ပြောကြပါတယ်။
2019-11-01
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်နေမယ်ဆိုရင် ဒီမိုကရေစီကို ဦးတည်သွားနေရာက အာဏာရှင်စနစ်ကို ဦးတည်သွားလိမ့်မယ်လို့ ကချင်အမျိုးသမီး ရှေ့နေ ဆိုင်းနူးပန်က ပြောလိုက်ပါတယ်။
2019-11-01
ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက တပ်မတော်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC တင်နိုင်ရေး ကြိုးပမ်းချက်နဲ့ ပတ်သက်ပြီး မေးမြန်း ရာမှာ တာဝန်ခံမှု တရားမျှတမှုဖြစ်ပေါ်လာရေး ဘယ်ကြိုးပမ်းချက်မဆို အမေရိကန်က ထောက်ခံကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်က RFA ကို ပြောပါတယ်။