ငြိမ်းချမ်းရေး ဘာကြောင့်နှောင့်နှေးနေသလဲ
2019.11.27
တပ်မတော်ဘက်က စစ်ရပ်စဲရေးကြေညာဖို့လိုသလို မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့တွေကလည်း လိုတိုးပိုလျှော့ပုံစံနဲ့ ဆွေးနွေးကြမယ်ဆိုရင် အမြန်ဆုံးငြိမ်းချမ်းရေးရနိုင်မှာဖြစ်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် SSPP/SSA ဘက်က တိုက်တွန်းလိုက်ပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဘာကြောင့်နှောင့်နှေးနေတယ်ဆိုတာကို SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစိုင်းဆုကို RFA သတင်းထောက် ကိုကံသာက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။