လွတ်လပ်စွာပြောဆိုခွင့်နဲ့ ဒီမိုကရေစီ
2019.11.01
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်နေမယ်ဆိုရင် ဒီမိုကရေစီကို ဦးတည်သွားနေရာက အာဏာရှင်စနစ်ကို ဦးတည်သွားလိမ့်မယ်လို့ ကချင်အမျိုးသမီး ရှေ့နေ ဆိုင်းနူးပန်က ပြောလိုက်ပါတယ်။
သူဟာ ကချင်တကျော့ပြန်စစ်ပွဲ (၈)နှစ်ပြည့်အထိမ်းအမှတ်ပွဲမှာ ဦးဆောင်ပါဝင်ခဲ့တာကြောင့် ငြိမ်းစုစီပုဒ်မနဲ့ ဖမ်းဆီးထောင်ကျခံခဲ့ရသူပါ။
အမေရိကန် သမ္မတဟောင်း George W Bush Center ရဲ့ ခေါင်းဆောင်မှုသင်တန်းလာတက်ရင်း ဝါရှင်တန်ဒီစီမြို့တော်ကိုရောက်လာတဲ့ ဆိုင်းနူးပန်ကို RFA ရုံးချုပ်မှာ စောဖိုးခွားကတွေ့ဆုံမေးမြန်းထားပါတယ်။