သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-22
ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့အတွက် ၅ နှစ်နီးပါး ထိမ်းသိမ်းခံခဲ့ရတဲ့ မဂ္ဂင်ကျောင်းဆရာတော် အရှင် အိန္ဒကရဲ့ လက်ရှိနိုင်ငံရေးအခြေအနေအပေါ် သုံးသပ်ချက်တွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး ကဆက်သွယ်မေးမြန်းထားပါတယ်။
2015-11-22
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ လမောင်ကျေးရွာအနီးမှာ ဒီနေ့မနက် ၃ နာရီလောက် က မြေစာပုံပြိုကျခဲ့တာကြောင့် အဲဒီ အနားမှာနေထိုင်နေတဲ့ ရေမဆေးကျောက်ရှာနေသူတွေ ရဲ့ တဲအိမ် ၃ဝ နီးပါး မြေပြိုတဲ့ အထဲပါသွားပါတယ်။
2015-11-22
ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ NLD ပါတီရဲ့ကိုယ်စားလှယ်တွေထဲ မှာ မဲဆွယ်စည်းရုံးရေး အသုံးစရိတ်အဖြစ် သတ်မှတ်ထားတဲ့ ငွေကျပ်သိန်း ၁၀၀ ထက် ကျော်လွန်အောင် သုံးထားတဲ့ သူမရှိတဲ့အတွက် ဒီသတ်မှတ်ချက်နဲ့ ညှိစွန်းနိုင်တဲ့သူ တဦးတယောက်မှ မရှိဘူးလို့ NLD ပါတီရဲ့ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်၊
2015-11-22
မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်နေ တဲ့ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ Barack Obama တို့ မနက်ဖန် သီးသန့် တွေ့ဆုံကြမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
2015-11-22
ရှမ်းပြည်နယ်အလယ်ပိုင်း မိုင်းနောင်မြို့မှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ရပ်နားထားတာကြောင့် စစ်ဘေး ဒုက္ခသည်ပြည်သူတွေကို ပြန်လာဖို့ တပ်မတော်ဘက်က အကြောင်းကြား ထားပေမယ့် တိုက်ပွဲတွေပြန်ဖြစ်မှာ စိုးရိမ်တဲ့အတွက် စစ်ဘေး ဒုက္ခသည်တွေ ဟာ နေရပ်ကို ပြန်မလာရဲသေးဘူးလို့ သိရပါတယ်။
2015-11-21
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲ မှာ ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ကနေ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက သူယှဉ်ပြိုင် တဲ့ မဲဆန္ဒနယ်မှာလည်း ပြည်သူတွေဟာ ဥပဒေတွေ က အကာအကွယ်ပေးတယ်ဆိုတာကို သိရှိတာ နည်းနေတာကြောင့် ဥပဒေရဲ့ အကာအကွယ်ဆို တာကို ပြည်သူတွေသိအောင် သူ့အနေနဲ့ ကြိုးပမ်း သွားမယ်လို့ ပြောပါတယ်။
2015-11-20
ရှမ်းပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို မနေ့ကစ ရပ်ဆိုင်းထားပြီး နေပြည်တော်မှာ SSPP/SSA ကိုယ်စားလှယ်နဲ့ နိုင်ငံတော်သမ္မတတို့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။
2015-11-20
အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်တွေအပြင် ရှုံးနိမ့်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ ဆန္ဒမဲလာပေးသူ ၈ ပုံ ၁ ပုံ ရဲ့ မဲရရှိထားတယ်ဆိုရင် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး ကျပ် ၃ သိန်းကို ပြန်လည်ထုတ်ယူ ခွင့်ရှိမှာဖြစ်ပါတယ်။
2015-11-20
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၅ မှာ ရေတွက်ဖို့ကျန်ခဲ့တဲ့ မဲအရေအတွက်အရ တအာင်း(ပလောင်)အမျိုးသားပါတီ ကိုယ်စားလှယ်က အနိုင်ရရှိမယ့်အခြေအနေ ရှိနေပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပြီးဖြစ်တဲ့ မဲရလဒ်ကို မပြင်ဆင်နိုင်ကြောင်း အကြောင်းကြားလာတယ်လို့ သိရပါတယ်။
2015-11-20
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး က အစိုးရသစ်အနေနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေအဖြစ် အန်အယ်လ်ဒီပါတီဝင် မဟုတ်သူတွေကို ဦးစားပေးတာဝန်ပေးသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။
2015-11-20
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းအားလုံးက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
2015-11-18
အနိုင်ရ NLD ပါတီကဖွဲ့စည်းမယ့် အစိုးရလက် ထက် နိုင်ငံခြားရင်းနှီးမြုှပ်မှုတွေ အပါအဝင် စီးပွားရေး တိုးတက်မှု အလားလာနဲ့ပတ်သက်ပြီး Thura Swiss ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဒေါက်တာအောင်သူရ ကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တွေ့ဆုံမေးမြန်းထားပါတယ်။
2015-11-18
ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီဟာ လူထုကြားမှာ သုညနဲ့ ရှုံးခဲ့တာမဟုတ်သလို ပါတီကို ထောက်ခံသူတွေ အများ အပြားရှိတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီရဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦးကပြောပါတယ်။
2015-11-18
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က လာမယ့်အစိုးရသစ် လက်ထက်မှာ အကျဉ်းထောင်တွေ အတွင်း ကျောင်းသားတွေမရှိစေရလို့ ပြောကြား လိုက်ပါတယ်။
2015-11-18
ရွေးကောက်ပွဲရလဒ်နဲ့ ပေါ်ပေါက်လာမယ့် အန်အယ်လ်ဒီအစိုးရအပေါ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ရှုမြင် သုံးသပ်ချက်တွေကို ဦးခင်မောင်စိုးက တေ့ွဆုံမေးမြန်းထားပါတယ်။