တအာင်း(ပလောင်) အမျိုးသားပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နဲ့ မေးမြန်းချက်


2015.11.20

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၅ မှာ ရေတွက်ဖို့ကျန်ခဲ့တဲ့ မဲအရေအတွက်အရ တအာင်း(ပလောင်)အမျိုးသားပါတီ ကိုယ်စားလှယ်က အနိုင်ရရှိမယ့်အခြေအနေ ရှိနေပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပြီးဖြစ်တဲ့ မဲရလဒ်ကို မပြင်ဆင်နိုင်ကြောင်း အကြောင်းကြားလာတယ်လို့ သိရပါတယ်။

ကော်မရှင်က အကြောင်းပြန်မှုအပေါ် ကန့်ကွက်လွှာတင်သွင်းမယ့် တအာင်း(ပလောင်) အမျိုးသားပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီစိန် ကို RFA သတင်းထောက် မဇင်မာဝင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။