သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-04
ရခိုင်ပြည်နယ် မောင်တောဒေသမှာဖြစ်ပွားခဲ့တဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်တွေမြို့ကိုထွက်ပြေးလာကြတဲ့ ဟိန္ဒူဘာသာဝင်တွေကို နေရပ်ပြန်နေကြပြီဖြစ်ပေမယ့် စားဝတ်နေရေးအခက်အခဲတွေကြုံနေရကြောင်း သိရပါတယ်။
2017-12-04
နိုင်ငံတနိုင်ငံမှာ အစိုးရဟာ နေထိုင်သူတွေကို မကာကွယ်နိုင်ပဲ လူတွေ အမြောက်အမြား ဒုက္ခရောက်ပြီး သေဆုံးမှုဖြစ် တယ်ဆိုရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လုံခြုံရေးက ဝင်ရောက်စွက်ဖက်နိုင်တယ်ဆိုတဲ့ R2P( Responsibility to Protect ) လို့ခေါ်တဲ့ အရေးယူမှုမျိုး ကြုံရလောက်တဲ့အခြေအနေ မြန်မာနိုင်ငံမှာ မရှိဘူးလို့ NLD ပါတီရဲ့ခေါင်းဆောင် တဦးဖြစ်သူ ဦးဉာဏ်ဝင်းကပြောပါတယ်။
2017-12-04
စစ်ကိုင်းတိုင်း ခန္တီးဒေသမှာ ရေမဆေးကျောက်ရှာဖွေသူတွေကို သီးသန့်လုပ်ကွက်တွေချထားပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့က စီစဉ်ဆောင်ရွက်နေပါတယ်။
2017-12-03
ခရမ်း၊ သုံးခွ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေး၊ သန်လျင် စတဲ့ မြို့နယ် ၁၁ မြို့နယ်မှာ စက်မှုဇုန်တွေ အကောင်အထည်ဖော်ဖို့အတွက် မြေဧက တစ်ထောင်စီ ရှာဖွေဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မနေ့က ညွန်ကြားလိုက်ပါတယ်။
2017-12-03
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ဖို့ လျှောက်ထားရမယ့် လျှောက်လွှာတွေကို မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပေးပို့ထားပါတယ်။
2017-12-02
ကချင်ပြည်နယ်မှာ တရုတ် တစ်ရှူးငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းတွေအပါအဝင် စိုက်ပျိုးရေးနဲ့ နှီးနွှယ်လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေနဲ့ ဒေသခံပြည်သူတွေအကြား ဖြစ်ပွားနေတဲ့ မြေယာပြဿနာတွေမှာ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေဟာ အားနည်းကြောင်း ဝိုင်းမော်မြို့နယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီ က ပြောပါတယ်။
2017-12-01
Jude Jude Family ၊ သင့်မြတ်အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီလီမိတက်ရဲ့ ပိုင်ရှင်ဟာ အစုရှယ်ယာရှင်တွေ ထည့်ဝင်ထားတဲ့ ခန့်မှန်းငွေကြေး သိန်းပေါင်း ရှစ်သောင်းခန့်ကို အတိုးရော အရင်းပါ ပြန်မပေးတဲ့အတွက် ကုမ္ပဏီ ရုံးခန်းဖွင့်ထားတဲ့ ဆီဒိုးနားဟိုတယ်ရှေ့ကို နိုဝင်ဘာလ ၃၀ ရက်နေ့ညက ရှယ်ယာရှင် ၂၀၀ ခန့်က သွားရောက်စုဝေးပြီး ငွေကြေးတောင်းခံခဲ့ပါတယ်။
2017-12-01
ဆန်ဈေးကွက်ထဲမှာ အရင်က ကျပ်သိန်းပေါင်း သောင်းချီတဲ့ လိမ်လည်မှုဖြစ်ခဲ့သလို လက်ရှိအချိန်မှာလည်း နောက်ထပ် ဖြစ်ပေါ်နေပါတယ်။