ရန်ကုန်မြို့နယ်တွေမှာ စက်မှုဇုန်တွေ အကောင်အထည်ဖော်မယ့် အကြောင်း မေးမြန်းချက်

0:00 / 0:00

ခရမ်း၊ သုံးခွ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေး၊ သန်လျင် စတဲ့ မြို့နယ် ၁၁ မြို့နယ်မှာ စက်မှုဇုန်တွေ အကောင်အထည်ဖော်ဖို့အတွက် မြေဧက တစ်ထောင်စီ ရှာဖွေဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မနေ့က ညွန်ကြားလိုက်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ မြို့နယ် ၁၁ မြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ အထွေထွေအုပ်ချုပ်ရေးနဲ့ စည်ပင်သာယာရေး တာဝန်ရှိသူတွေ တိုင်းအစိုးရအဖွဲ့ရုံးမှာ မနေ့က တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ သုံးခွမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။