ဒုက္ခသည်တွေ လျှောက်ထားရမယ့် လျှောက်လွှာပုံစံအကြောင်း မေးမြန်းချက်
2017.12.03
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ဖို့ လျှောက်ထားရမယ့် လျှောက်လွှာတွေကို မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပေးပို့ထားပါတယ်။
လျှောက်လွှာပုံစံပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန က အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။