သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-11
မြန်မာကျောက်မျက်ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက် တာကျော်သူမှ ၂၀၁၀ခုနှစ်ခန့်က မိုးကုတ်နယ် အတွင်းကနေ လိမ္မော်နီရောင်ရှိတဲ့ တွင်းထွက် တစ်မျိုးကို တွေ့ရှိခဲ့ပြီး ဒီတွင်းထွက်ဟာ ကမ္ဘာပေါ်မှာ ပထမဆုံးတွေ့ရတဲ့ ရှားပါး တွင်းထွက်ရတနာဖြစ် တယ်လို့ ကမ္ဘာ့တွင်းထွက် ပညာရှင်များအဖွဲ့ကနေ သတ်မှတ်ပေးလိုက်ပါတယ်။ ဒါ့အပြင် ဒီတွင်းထွက် ကိုလည်း တွေ့ရှိသူရဲ့နာမည်နဲ့ တွဲပြီး Kyawthuite ကျော်သူရိုက် လို့ အမည်ပေးလိုက် ပါတယ်။
2016-07-11
အစိုးရသစ်လကထက်မှာ လယ်သိမ်းခံလယ်သမားတွေ လယ်ယာမြေ ပြန်လည်လုပ်ပိုင်ခွင့်ရရေးအတွက် လွှတ်တော်ကတဆင့် ဘယ်လိုအရေးဆိုမလဲ၊ မတရားတဲ့ လယ်ယာဥပဒေတွေကို ဘယ်လိုနည်းနဲ့ ဖျက်သိမ်းနိုင်အောင် ကြိုးစားမလဲဆိုတာတွေကို ဇူလိုင် ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေက မုံရွာမြို့မှာကျင်းပခဲ့တဲ့ စစ်ကိုင်းတိုင်း ဒေသကြီး တောင်သူလယ်သမားသမဂ္ဂများ လယ်ယာမြေဆွေးနွေးပွဲမှာ ပြောဆိုခဲ့ကြတယ်လို့ လယ်သမားတွေ အရေးဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကပြောပါတယ်။
2016-07-11
မနေ့ညက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ မြန် မာနိုင်ငံမွတ်စလင်စီးပွားရေး လုပ်ငန်းရှင်များ အသင်းက ဦးဆောင်ကျင်းပတဲ့ အစ်နေ့အထိမ်း အမှတ်ဘာသာပေါင်းစုံ ညစာစားပွဲကို တက်ရောက်လာတဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့ တည်ထောင်သူ အစ္စလာမ်သာသနာ့ဗိမာန် အကြီးအကဲ ဟာဂျီ ဦးအေးလွင် ကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တွေ့ဆုံမေးမြန်း ထားပါတယ်။
2016-07-11
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ တိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ အန်အယ်လ်ဒီ ပါတီနာမည်ကို အသုံးပြုပြီး မြေကွက်ရောင်းချနေသူ ၁၁ ဦးကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းအန်အယ်လ်ဒီပါတီရဲ့ ညွှန်ကြားချက်နဲ့ မြို့နယ်အန်အယ်လ်ဒီက ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုပေးဖို့ မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားပါတယ်။
2016-07-11
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) မလိုအပ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုချက်ကို ဖြေရှင်းပေးဖို့ မဘသ ဗဟိုက တောင်းဆိုထားတာနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ မရှိကြောင်း၊ ဘာသာရေးနဲ့ပတ်သက်ပြီး နိုင်ငံမှာ သံဃာ့မဟာနာယကအဖွဲ့ရှိနေကြောင်း NLD ပါတီနာယက သူရဦးတင်ဦးက ပြောကြားပါတယ်။
2016-07-11
ပြီးခဲ့တဲ့ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအလုပ်သမားတွေ တွေ့ဆုံပွဲမှာ ထိုင်းအစိုးရ က ရွေးချယ်ခေါ်ယူထားတဲ့ မြန်မာအလုပ်သမားတွေကို ခန်းမထဲမဝင်ဖို့ တားမြစ်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီစောင့်ရှောက်ရေးကော်မတီ AAC အဖွဲ့ဝင်တွေနဲ့ မြန်မာအလုပ်သမားတချို့ကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံစောင့်ကြည့်နေပါတယ်။
2016-07-11
ထိုင်းနိုင်ငံ ပတ်သနီခရိုင်ထဲက ငါးဖမ်းလှေပေါ်က လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးနဲ့ ပတ်သက်ပြီး (MAT) မြန်မာနိုင်ငံသားအဖွဲ့က နိုင်ငံခြား ဆက်ဆံရေးမှူး ကိုစိုင်းအေးကို RFA အဖွဲသား ဦးရဲစည်သူကာ ဆက်သွယ်မေးမြန်းထားပါတယ်။
2016-07-10
မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံမှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေတဲ့ အလုပ်သမားတွေ၊ အလုပ်ရှင်၊ မန္တလေးတိုင်းအစိုးရ အဖွဲ့နဲ့ စဉ့်ကိုင်မြို့နယ် လွှတ်တော်ကိုယ်စား လှယ်တွေ ဒီနေ့ တွေ့ဆုံညှိနှိုင်းပေမယ့် ပြေလည်မှု မရခဲ့ဘဲ ဆွေးနွေးပွဲ ပြီးဆုံးခဲ့ပါတယ်။
2016-07-09
မဘသအဖွဲ့ကိစ္စနဲ့ပတ်သက်လို့ သံဃာ့အာဏာပိုင် အဖွဲ့ဖြစ်တဲ့ မဟနအဖွဲ့ဦးဆောင်ဆရာတော် ကြီးတွေက တစ်ခုခုဆုံးဖြတ်သင့်ပြီ လို့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးစိန္တိတ-က မိန့်ပါတယ်။
2016-07-09
၂၁ ရာစု ပင်လုံညီလာခံနဲ့အပြိုင် တချိန်ထဲကျင်း ပမယ့် CSO အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်ကျင်းပ ဖို့ ပြင်ဆင်နေမှု အခြအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ Orchid Hotel ဟိုတယ်မှာ သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-07-09
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှာ တာဝန်ထမ်းဆောင်နေတဲ့ ကော်မတီဝင် ၁၁ ဦးကို ပြီးခဲ့တဲ့လက မန္တလေးတိုင်းလွှတ်တော်မှာ အတည်ပြု လိုက်တဲ့ ၂၀၁၄ မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအရ တာဝန်ကနေရပ်ဆိုင်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2016-07-08
ဗုဒ္ဓအဆုံးအမအတိုင်း လိုက်နာကျင့်သုံး တဲ့ ခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုကို ခံယူခွင့်မရခဲ့ လို့သာ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်နေပေ မဲ့ အောက်တန်းနောက်တန်းကျခဲ့ရတာဖြစ်တယ်လို့ ဆရာတော် အရှင်ဆန္ဒာဓိကက မိန့်ပါတယ်။
2016-07-08
ဗုဒ္ဓအဆုံးအမအတိုင်း လိုက်နာကျင့်သုံး တဲ့ ခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုကို ခံယူခွင့်မရခဲ့ လို့သာ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်နေပေ မယ့် အောက်တန်းနောက်တန်းကျခဲ့ရတာဖြစ်တယ်လို့ ဆရာတော် အရှင်ဆန္ဒာဓိကက မိန့်ပါတယ်။
2016-07-08
မနေ့က မနက်ပိုင်းက KIA တပ်မဟာ ၂ တပ်ရင်း၆က တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်တို့ကြား မြစ်ကြီးနား-ဖားကန့်လမ်း၊ နန့်ယား နှင့် ဖားကန့် ကြား တံတားညီနောင်အနီးမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2016-07-08
အခုလဆန်းပိုင်းက ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်း မြို့နယ်တွေမှာ မိုးများပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။