ရခိုင်ပြည်နယ်က ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေမှု မေးမြန်းချက်
2016.07.08
အခုလဆန်းပိုင်းက ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်း မြို့နယ်တွေမှာ မိုးများပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ ကျောက်တော်မြို့နယ်မှာ ရေပြန်ကျ လာပြီဖြစ်ပေမယ့် ကျန်တဲ့မြို့နယ်တွေမှာတော့ ရေမကျသေးဘူးလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။