မန္တလေး စည်ပင်ကော်မတီ ၁၁ ဦး ထုတ်ပယ်ခံရ


2016.07.09
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှာ တာဝန်ထမ်းဆောင်နေတဲ့ ကော်မတီဝင် ၁၁ ဦးကို ပြီးခဲ့တဲ့လက မန္တလေးတိုင်းလွှတ်တော်မှာ အတည်ပြု လိုက်တဲ့ ၂၀၁၄ မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအရ တာဝန်ကနေရပ်ဆိုင်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က ထုတ်ပြန်လိုက်ပါတယ်။
ကော်မတီအသစ်ကို လာမယ့် ၃ လအတွင်း ရွေးကောက်ပွဲပြုလုပ်ကာ ဖွဲ့စည်းသွားဖို့ တိုင်းဒေသကြီးအစိုးရက ညွှန်ကြားထားတယ်လို့ မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း က ပြောပါတယ်။
ဦးသက်နိုင်ထွန်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။