သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-08
ပြီးခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေတွေနဲ့ ပတ်သက်ဆက်စပ်နေတဲ့ ဥပဒေတွေကို လေ့လာဆန်းစစ်နေတယ်လို့ ပြည်ထောင်စုလွှတ်တော် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီက အဖွဲ့ဝင် ဦးစောလှထွန်းကပြောပါတယ်။
2016-06-08
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ-ဗဟို) ဟာ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေး ကာလကတည်းက ဒီနေ့အချိန်ထိ ပါတီတစ်ခုရဲ့အသုံးချခံသဖွယ် ဆက်လက်တည်ရှိနေတာကြောင့် မ.ဘ.သ အဖွဲ့ဝင်အဖြစ်က နုတ်ထွက်မယ်လို့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။
2016-06-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အစိုးရတာဝန်တွေယူနေရတဲ့ ပုဂ္ဂိုလ်တွေနေရာမှာ ပါတီတာဝန် ထမ်းဆောင်မယ့်သူတွေနဲ့ ဖြည့်စွက်ဖို့စီစဉ်နေပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြည့်စွက်ရာမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။
2016-06-07
ရေအားလျှပ်စစ်က ရရှိမယ့် အခွင့်အလမ်းဆိုင်ရာ အစီရင်ခံစာ တစ်စောင်ကို သံလွင်မြစ် ရေကာတာ စီမံကိန်းတွေ အကောင်အထည်ဖော်မယ့်သူတွေက မကြာခင်က ထုတ်ပြန်ခဲ့ပါတယ်။
2016-06-07
ရခိုင်ပြည်နယ်က ရသေ့တောင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ တနဂ်နွေနေ့က အစိုးရ တပ်မတော်နဲ့ ရခိုင် AA အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့အခြေအနေတွေ နဲ့အတူ ရခိုင်ပြည်နယ် ငြိမ်းချမ်းဖွံ့ဖြိုးရေး အခြေ အနေတွေနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2016-06-07
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်ထဲက ကျေးရွာသူကြီးတွေနဲ့ ရွာသားတွေ စုစုပေါင်း ၈ ဦးကို ရှမ်းပြည် တပ်မတော်မြောက်ပိုင်း SSPP/SSA ဆက်သွယ်တယ် ဆိုပြီး အစိုးရစစ်တပ်နဲ့ ရဲက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ သူတို့ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆို ထားတယ်လို့လဲ သိရပါတယ်။
2016-06-07
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကျောက်ဖြူ မြို့နယ် မလကျွန်းကျေးရွာမှာ ဒေသခံတွေနဲ့ မနေ့ကတွေ့ဆုံ ခဲ့ရာမှာတရုတ်ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေအရေး ဖြေရှင်းပေးဖို့ ဒေသခံတွေက တောင်းဆိုကြပါတယ်။
2016-06-07
မြန်မာနိုင်ငံသားမွတ်စလင်ရှေ့နေများအသင်းကို အဖွဲ့ဝင် ၇၀ ကျော်နဲ့ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ဖွဲ့စည်းလိုက်ပြီး မွတ်စလင်ဘာသာဝင်တွေ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေတာတွေကို အကာအကွယ် ပေးသွားမယ်လို့ အသင်းရဲ့ နာယကဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ပြောပါတယ်။
2016-06-06
၂၁ ပင်လုံညီလာခံကျင်းပမယ်ဆိုတဲ့အချက်ကို SSPP/SSA အနေနဲ့လက်ခံသလို ဒီပင်လုံညီလာခံ မှာ အားလုံး ပါဝင်နိုင်ရေးအတွက်မျှော်လင့်မိတယ် လို့ SSPP/SSA က ပြောပါတယ်။
2016-06-05
နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါ်ပေါက်ရေး အမြန်ဆုံးလုပ်ဆောင်ပေးဖို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၃ ရက်နေ့က မေတ္တာရပ်ခံ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
2016-06-05
(၂၁) ရာစု ပင်လုံညီလာခံကို လာမယ့် လပိုင်းတွေ အတွင်း ကျင်းပနိုင်ဖို့ အစိုးရသစ်က စီစဉ်နေ တာတွေနဲ့ အတူ၊ ကျန်နေသေးတဲ့ တိုင်းရင်းသား လက်နှက်ကိုင်အဖွဲ့တွေ အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ ပါဝင်လက်မှတ်ထိုးရေး အလားအလာတွေ နဲ့ ပတ်သက်လို့ UNFC ခေါ် ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဒုတိယ ဥက္ကဌ နိုင်ဟံသာကို မသင်းသီရိ ဆက်သွယ်မေးမြန်းထား တာ နားဆင်နိုင်ပါတယ်။
2016-06-04
ပြီးခဲ့တဲ့မေလတုန်းက ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနဲ့သီပေါမြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
2016-06-04
၂၁ ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိုရပ်တန့်ပြီး တစ်တိုင်းပြည်လုံးစစ်ရပ်စဲရေးကြေညာပေးဖို့ အစိုးရနဲ့တပ်မတော်ကို တောင်းဆိုထားတယ်လို့ UNFC က ပြောပါတယ်။
2016-06-04
ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီမှာ UPR လို့ခေါ် တဲ့ လေးနှစ်တစ်ကြိမ် လူ့အခွင့်အရေးသုံးသပ်မှု လုပ်ငန်းစဉ်မှာ ကတိပြုခဲ့တဲ့ မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေကို စောင့်ကြပ်ဖို့နဲ့ အကောင် အထည်ဖော်အောင် တိုက်တွန်းဖို့အတွက် လူ့အခွင့်ရေးလှုပ်ရှားသူတွေနဲ့ အရပ်ဘက်အဖွဲ့ စည်းတွေစုပေါင်းပြီး ပုဂံမှာ မေလ (၃၁) ရက်နေ့ ကနေ ဇွန်လ ၂ ရက်နေ့အထိ (၃) ရက် ကြာဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ပါတယ်။
2016-06-04
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ငွေကျပ် သိန်းပေါင်း ၇ သောင်းကျော် သုံးစွဲသွားဖို့ အစိုးရက စီစဉ်နေတာနဲ့ ပတ်သက်လို့ ANP ရခိုင်အမျိုးသား ပါတီ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးကို RFA ဝိုင်းတော်သား ဦးရဲစည်သူကာက ဆက်သွယ်မေးမြန်းထားပါတယ်။