မတရားအသင်း ဆက်သွယ်မှုနဲ့ ဖမ်းဆီး


2016.06.07

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်ထဲက ကျေးရွာသူကြီးတွေနဲ့ ရွာသားတွေ စုစုပေါင်း ၈ ဦးကို ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSPP/SSA ဆက်သွယ်တယ် ဆိုပြီး အစိုးရစစ်တပ်နဲ့ ရဲက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ သူတို့ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆို ထားတယ်လို့လဲ သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ရဲ့ သိန္နီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိုင်းဝင်းခိုင်ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။