သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-04
ဆူဇူကီးဖလား ဆီဖီးဖိုင်နယ်ပြိုင်ပွဲဖြစ်တဲ့ မြန်မာနဲ့ ထိုင်းအသင်း ယှဉ်ပြိုင်မှုမှာ သုဝဏ္ဏဘောလုံးကွင်း အတွင်း လုံခြုံရေးနဲ့ ပရိသတ်တွေရဲ့ အခြေအနေကို ကွင်းအတွင်းမှာ သတင်းယူနေတဲ့ RFA သတင်းထောက် ကိုကောင်းထက်ကျော်ကို မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
2016-12-04
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး သံတမန်နည်းအရ မဖြေရှင်းဘဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မလေးရှားနိုင်ငံဝန်ကြီးချုပ်ကိုယ်တိုင် ပါဝင်ဆန္ဒပြတာဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး ဆောင်ရွက်သွားတာဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
2016-12-04
ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်နဲ့အဖွဲ့ဝင်တွေဟာ ဒီနေ့ ရခိုင်ပြည် နယ် မောင်တောမြို့နယ်မှာ အကြမ်းဖက်တိုက်ခိုက် မှုတွေခံခဲ့ရတဲ့ ကျီးကန်းပြင်နဲ့ ဝပိတ် ကျေးရွာတွေကို သွားရောက်ခဲ့ပါတယ်။
2016-12-03
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ လိုင်းကားတွေဟာ ညနေ ၇ နာရီဝန်းကျင်ရောက်တာနဲ့ တရားဝင်သတ်မှတ်ထားတဲ့ ယာဉ်စီးခနှုန်းထားထက် ထက်ဝက်ကျော်ကောက်ခံမှုတွေ ရှိနေပါတယ်။
2016-12-03
ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်တွေနဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ်ပေးခဲ့ပေမယ့် နှစ်ဖက်ညှိနှိုင်း လို့မရဘဲ တွေ့ဆုံပွဲ ပျက်သွားခဲ့ပါတယ်။
2016-12-02
အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ကြား တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက် ပိုင်း၊ မုံးကိုးဒေသ၊ ဖောင်ဂျွန်းပါကျေးရွာကဒေသခံ ၅၀ ကျော်ကို အစိုးရတပ်မတော်ဘက်က ဖမ်းဆီး ထားကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကချင် ငြိမ်းချမ်းရေးကွန်ရက်က အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-12-02
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးနဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်တွေမှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အဲဒီကဒေသခံတွေဟာ မူဆယ်မြို့ကို ထွက်ပြေးတိမ်း ရှောင်လာကြပါတယ်။
2016-12-02
ဒီဇင်ဘာလ ၁ ရက်နေ့ ဒီကနေ့ဟာ ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာလည်း အေအိုင်ဒီအက်စ် ဝေဒနာရှင် နှစ်သိန်းကျော်လောက်ရှိနေတယ်လို့ သိရပါတယ်။
2016-12-01
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ စင်္ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖိတ်ကြား ချက်အရ စင်္ကာပူနိုင်ငံကို ဒီကနေ့ပဲ ချစ်ကြည်ရေးခရီးအနေနဲ့ရောက်ရှိနေပြီး မနက်ဖြန်မှာ စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံ သားတွေနဲ့ Big box ဆိုတဲ့ခန်းမမှာ တွေ့ဆုံမှာဖြစ် ပါတယ်။
2016-12-01
ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာကိုဖီအာနန်နဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ် အတွင်းက စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော ၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေကို လာမယ့် ဒီဇင်ဘာလ ၂ ရက် နေ့ကနေ ၄ ရက်နေ့အထိ သုံးရက်ကြာ သွားရောက်မှာ ဖြစ်ပါတယ်။
2016-11-30
လာမယ့် ဧပြီလ (၁ )ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ကနေ ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြုပြီး ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ဝင်ရောက်ယှဉ်ပြိုင် မှာ ဖြစ်ပါတယ်။
2016-11-30
နိုင်ငံတော်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ အထွေထွေအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကာလုံ လို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး အမြန်ဆုံးခေါ်ယူပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၃ ပါတီက မနေ့ကလက်မှတ်ရေးထိုး တောင်းဆိုထားပါတယ်။
2016-11-29
ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အစိုးရတပ်မတော်နဲ့ TNLA တအာန်းလက်နက် ကိုင်တပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေကြောင့် ဒေသခံ အယောက် ၅၀ ကျော်ဟာ နမ္မတူမြို့ကို ထွက်ပြေးတိမ်းရှောင် လာတယ်လို့ နမ္မတူမြို့နယ် တအာန်းအမျိုးသားပါတီ နာယက ဦးအောင်မြင့်က ပြောပါတယ်။
2016-11-27
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်၊ ယမ်းကြိမ်းကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ လူဦးရေ ၅၀၀ နီးပါးအတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ လဟယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလော်ယုံ က ပြော ပါတယ်။
2016-11-27
သက်ငယ်မုဒိမ်းကျူးလွန်သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေချမှတ်ပေးဖို့နဲ့ သက်ငယ်မုဒိန်းပပျောက်ရေး လှုပ်ရှားမှုကို ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံ မျှော်စင်ကျွန်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။