သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-08-21
မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနားရဲ့ ကားကို ၁၉ ရက်နေ့က မိတ္ထီလာမြို့မှာ တိုက်ခိုက်ရန်ပြုခံရတာနဲ့ ပတ်သက်ပြီး မိတ္ထီလာမြို့မှာ ဘာသာပေါင်းစုံညီညွှတ်ရေး ဆောင်ရွက်နေတဲ့ မူစလင်ခေါင်းဆောင်တဦးဖြစ်သူ ရှေ့နေဦးအောင်သိန်းကို ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2013-08-21
"တမ္ပါဒီပ" သုတေသနအဖွဲ့ တည်ထောင်သူ ဒေါက်တာ ခင်ဇော်ဝင်းဟာ နေပြည်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေ စွမ်းရည်မြှင့်တင်ရေးအတွက် နိုင်ငံတကာပညာရှင်တွေနဲ့ ဆက်သွယ်ပြီး ဆွေးနွေးပွဲတွေ ကျင်းပပေးနေပါတယ်။
2013-08-19
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားတဲ့ နိုင်ငံတကာ ခေါင်းဆောင်များ လေ့လာရေး အစီအစဉ်နဲ့ ဝါရှင်တန်ဒီစီ ကို ရောက်ရှိနေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေနဲ့ စစ်ကိုင်းတောင်ရိုး ဗုဒ္ဓဘာသာ ပညာရေးဌာက နာယကဆရာတော် အရှင် သုန္ဒရတို့ရဲ့ သဘောထားအမြင်တွေကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
2013-08-15
လက်ရှိ ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာန လေ့လာရေးအစီအစဉ်နဲ့ ဝါရှင်တန် ဒီစီ မြို့တော်ကို ရောက်ရှိနေတဲ့ ပြည်ထောင်စု အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးအဘူလ် တာဟေရ် ခေါ် ဦးသာအေးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က လွတ်လပ်တဲ့အာရှအသံ ရုံးချုပ်ကို လာရောက်စဉ် ဦးခင်မောင်စိုး က အခုလိုတွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
2013-08-14
ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာနယ်ဇင်းသမားတွေအကြား အငြင်းပွားနေတဲ့ စာနယ်ဇင်းဥပဒေကြမ်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဟာ မနေ့က နေပြည်တော်ကိုသွားရောက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်တို့နဲ့ ပထမဆုံးအကြိမ် သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2013-08-04
နိုင်ငံတော်အပေါ် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ အရေးယူပြီး အင်းစိန်ထောင်ကို အပို့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်နဲ့ သုံးဦးအမှုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့မှာ ဒီကနေ့ပုလုပ်ပါတယ်။ အဲဒီသတင်းစာရှင်းပွဲပြုလုပ်တဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုဇာနီကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2013-08-03
တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြင့်တင်ရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို နေပြည်တော်မှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို ဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်တွေနဲ့ လယ်သမားတချို့ကိုလဲ ဖိတ်ကြားခဲ့ပါတယ်။
2013-08-03
ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုအပြီး ၂၅ နှစ်အကြာ ဒီကနေ့ မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ၈လေးလုံးအရေးတော်ပုံ ကာလအတွင်း အကသ လို့ခေါ်တဲ့ အခြေခံပညာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦးအဖြစ် လှုပ်ရှားခဲ့သူ လက်ရှိအမေရိကန်ပြည်ထောင်စု ဘာကလေမြို့ ကာလီဖိုးနီးယားတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံပညာ ပါရဂူဘွဲ့အဆင့် လေ့လာဆည်းပူးနေတဲ့ ဦးမင်းဇင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းတင်ပြမှာပါ။
2013-08-01
သြဂုတ်လ ၆ ရက်ကနေ ၈ ရက်နေ့ထိ ရန်ကုန်မြို့ MCC ခန်းမမှာ ကျင်းပဖို့ပြင်ဆင်နေတဲ့ ၈ လေးလုံးအရေးတော်ပုံ ၂၅ နှစ်ပြည့် အခမ်းအနားကျင်းပရေးကော်မတီကနေ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် က နှုတ်ထွက်သွားပါတယ်။
2013-07-31
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပနေတဲ့ ပြည်တွင်း ပြည်ပ တိုင်းရင်းသားအဖွဲ့ပေါင်းစုံရဲ့ဆွေးနွေးပွဲကို ဒီနေ့ တတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပခဲ့ပြီး၊ ဒီဆွေးနွေးပွဲကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်တာထက် အသစ်ပြန်ပြီးရေးတာက ပိုပြီးသင့်တော်တဲ့အကြောင်း အများစုကဆွေးနွေး ကြတယ်လို့သိရပါတယ်။
2013-07-30
အိန္ဒိယနိုင်ငံက ဗုဒ္ဓဘုရားရှင်ပွင့်တော်မူရာ ဗုဒ္ဓဂါယာမှာ အကြမ်းဖက်သမားတွေရဲ့ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုနောက်ပိုင်း နယူးဒေလီမြို့က မြန်မာသံရုံးကို အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။
2013-07-27
ဥရောပနဲ့ အာရှဆက်သွယ်ထားတဲ့ (Sea-Me-We-3) ရေအောက်ဖန်ကြိုးမျှင် ကေဘယ်လ် ကြိုးပြတ်တောက်သွားခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ အင်တာနက်တွေအသုံးပြုမှုဟာ လနဲ့ချီပြီး နှေးကွေးနေမယ်လို့ အစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။
2013-07-27
ကိုရီးယားနိုင်ငံရောက် မြန်မာနဲ့ ဒေသခံကိုရီးယားတွေ စုဖွဲ့ထားတဲ့ သပြေဖေါင်ဒေးရှင်းအဖွဲ့ဟာ မြန်မာနိုင်ငံတွင်းက ကလေးငယ်တွေ ပညာရေးအတွက် ကူညီပေးနေသလို၊ စာကြည့်တိုက်တွေ ပေါ်ပေါက်လာအောင်လည်း ကြိုးပမ်းနေပါတယ်။
2013-07-26
အခုဆက်လက်ထုတ်လွှင့်မှာက အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်/ကျဉ်းရေးရာကော်မတီဝင် ဦးထွန်းကြည်နဲ့ တွေ့ဆုံမေးမြန်းချက် ဖြစ်ပါတယ်။
2013-07-25
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှု စာချုပ်အသစ် ပြန်လည်ချူပ်ဆိုလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီအရင်ခံစာ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးလှထွန်းကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။