၈၈ မျိုးဆက် တောင်သူလယ်သမားရေးရာကော်မတီဝင် မနုနုအောင်နဲ့ ဆက်သွယ်မေးမြန်းချက်
2013.08.03
တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြင့်တင်ရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို နေပြည်တော်မှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို ဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်တွေနဲ့ လယ်သမားတချို့ကိုလဲ ဖိတ်ကြားခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် တောင်သူလယ်သမားရေးရာကော်မတီက မနုနုအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။