လွှတ်တော်စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်နေသူ ဒေါက်တာ ခင်ဇော်ဝင်းနဲ့ တွေ့ဆုံမေးမြန်းချက်
2013.08.21
"တမ္ပါဒီပ" သုတေသနအဖွဲ့ တည်ထောင်သူ ဒေါက်တာ ခင်ဇော်ဝင်းဟာ နေပြည်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေ စွမ်းရည်မြှင့်တင်ရေးအတွက် နိုင်ငံတကာပညာရှင်တွေနဲ့ ဆက်သွယ်ပြီး ဆွေးနွေးပွဲတွေ ကျင်းပပေးနေပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိသင့်သလဲဆိုတာအပြင် လွှတ်တော်ရဲ့ အားကောင်းချက်၊ အားနည်းချက်တွေနဲ့ ပတ်သက်ပြီး ပြင်ပလေ့လာသူတစ်ဦးအဖြစ် ဒေါက်တာခင်ဇော်ဝင်းကို RFA ဝိုင်းတော်သား ဦးဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။