သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-19
စက်တင်ဘာလဆန်းပိုင်းက မြန်မာစစ်ဗိုလ်တစ်ဦး မချမ်းဘောမြို့နယ်အတွင်းမှာ ခေါင်းဖြတ်ကွပ်မျက်ခံရတဲ့ ဖြစ်ရပ်နောက်ပိုင်း ကေအိုင်အေ ထိန်းချုပ်နယ်မြေတွေအတွင်း မြန်မာစစ်တပ်ဖက်က တပ်အင်အားတွေ တိုးချလာနေပြီး၊ ဒီဖြစ်ရပ်ကြောင့် နှစ်ဖက်စစ်ရေး တင်းမာမှုတွေ ပိုများလာနိုင်တယ်လို့ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော် အမှတ် (၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဒွဲက ပြောပါတယ်။ ဒုတိယဗိုလ်မှူးကြီး ဇော်ဒွဲကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2013-09-19
အောက်တိုဘာ ပထမအပတ်အတွင်း အစိုးရနဲ့ ကေအိုင်အိုအကြား ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေ ကျင်းပမယ်လို့သိရပါတယ်။ အဲဒီ ထိပ်တန်းဆွေးနွေးပွဲ ကျင်းပရေးအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ကစေလွှတ်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဒီရက်ပိုင်းအတွင်း သွားရောက်တွေ့ဆုံခဲ့တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာစစ်တပ်က အရာရှိတစ်ဦး သတ်ဖြတ်ခံရတဲ့ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ မြန်မာငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေကို ဦးခင်မောင်စိုးက အခုလို ဆက်သွယ်မေးမြန်းထားပါတယ်။
2013-09-19
မြန်မာနိုင်ငံမှာ အာဏာသိမ်းပွဲ နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ ဒုတိယအကြိမ် စစ်တပ်အာဏာသိမ်းပွဲဟာ စက်တင်္ဘာ ၁၈ ရက်နေ့က ၂၅ နှစ်ပြည့်ခဲ့ပါပြီ။ အနာဂတ်မှာ အခုလို စစ်တပ်က ထပ်မံ အာဏာသိမ်းနိုင်တဲ့ အလားအလာ ဘယ်လိုရှိပါသလဲ။
2013-09-18
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့မှာ ပြီးခဲ့တဲ့သီတင်းပါတ်တွေကဖြစ်ခဲ့တဲ့ အစိုးရတပ်တွေနဲ့ KIO ကချင်တပ်တွေ တိုက်ပွဲအတွင်း ဒါဏ်ရာရခဲ့တဲ့ အစိုးရတပ်အရာရှိတစ်ဦးကို KIO က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်အပေါ်မှာ KIO ဘက်က ငြင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ သဘောထားကို နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2013-09-17
ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ်မှာ သဘာဝတရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရဟာ ရိပ်သာအပြင် “စေတနာရွာ” ဆိုတဲ့အမည်နဲ့ မြန်မာနိုင်ငံအနှံ့က နေစရာအိုးအိမ်မဲ့သူတွေကို အခမဲ့မြေနေရာပေးပြီး နေရာချထားပေးနေတာ အခုဆိုရင် အိမ်ထောင်စုပေါင်း ၂၅၀၀ ကျော်ရှိနေပါတယ်။
2013-09-17
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ လာမယ့် ၂ လအတွင်း တရားဝင်ပါတီ မှတ်ပုံတင်ဖို့ ပြင်ဆင်နေတယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
2013-09-16
မြန်မာနိုင်ငံမှာ လက်ရှိအရံှုးခံထုတ်ဝေနေကြတဲ့ နေ့စဉ်ထုတ်သတင်းစာတွေရဲ့ ရေရှည်ရပ်တည်နိုင်မှု အလားအလားတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း(မ်) နေ့စဉ်သတင်းစာ ထုတ်ဝေသူ ရန်ကုန်မီဒီယာအုပ်စု အကြီးအကဲ ဦးကိုကို ခေါ် စာရေးဆရာ၊ သတင်းစာဆရာ ကိုကို (စက်မှုတက္ကသိုလ်) ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2013-09-14
ကျောင်းသားတွေကို အကာအကွယ်ပေးနိုင်မယ့် ကျောင်းသားထုအခွင့်အရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပြုစုရေးဆွဲပြီး ကြေညာစာတမ်းတစ်ခုပေါ်လာအောင် ဗမာနိုင်ငံနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ကြိုးစားနေတယ်လို့သိရပါတယ်။
2013-09-14
အမေရိကန် သမ္မတအိုဘားမားဟာ လာမယ့် အောက်တိုဘာလအတွင်း အာရှလေးနိုင်ငံကို ခရီးထွက်ပါလိမ့်မယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက ဘယ်လိုသဘောထားမလဲ။ မြန်မာနိုင်ငံနဲ့ အမေရိကန်ဆက်ဆံရေးကကော ဘယ်လောက်တိုးတက်နေပြီလဲ။ နိုင်ငံရေးသုတေသီ တစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံ မျုးိချစ်စစ်သည်တော်များ အစည်းအရုံး နာယက ဦးခင်မောင်ညွန့်ကို ဦးခင်မောင်စိုး ကဆက်သွယ်မေးမြန်းထားပါတယ်။
2013-09-12
မြန်မာနိုင်ငံက တိုင်းရင်းသားအားလုံးအတွက် တန်းတူအခွင့်အရေး အာမခံချက်ရှိတဲ့ ဥပဒေတစ်ရပ် နေပြည်တော်လွှတ်တော်က ပြဌာန်းနိုင်ရေးအတွက် ဥပဒေမူကြမ်းရေးဆွဲနေမှု နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2013-09-08
စနေနေ့ က ကျင်းပတဲ့ သြစတြေးလျ ရွေးကောက်ပွဲမှာ မြန်မာ့ဒီမိုကရေစီအရေးထောက်ခံသူ အမတ်အများအပြားပါဝင်တဲ့ အာဏာရလေဘာပါတီ ရှုံးနိမ့်သွားတဲ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဆစ်ဒနီမြို့က ကရင်အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ တက္ကသိုလ်ကထိက နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာ စောအော်လန်ဒိုကို ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
2013-09-06
ထိုင်းမြန်မာနယ်စပ်မှာ နှစ်ပေါင်းအစိပ်လောက် ပြည်သူတွေအားကိုးရာဖြစ်ခဲ့တဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို လက်ရှိမြေပိုင်ရှင်က စာချုပ်ပြည့်ရင် ဆက်မငှားတော့ဘူးလို့ ဆိုတဲ့အတွက်၊ အခုနေရာနဲ့ မလှမ်းမကမ်းကို ပြောင်းဖို့စီစဉ်နေပြီလို့သိရပါတယ်။ ဒီလိုပြောင်းရွှေ့ဖို့ကိုလည်း ဂျပန်နိုင်ငံရဲ့အကူအညီ ရထားတယ်လို့သိရပါတယ်။
2013-09-04
ကွန်ပျူတာ အင်တာနက်သုံးစွဲမှုဟာ လူတွေရဲ့နေ့စဉ်ဘဝမှာ မရှိမဖြစ်အရာတစ်ခုဖြစ်လာနေပါပြီ။ တပြိုင်နက်မှာ အင်တာနက်ကို မဆင်မခြင်သုံးစွဲမှုကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေလည်း ပေါ်ပေါက်နေပြီး အင်တာနက်ရောဂါလို့ ခေါ်ဝေါ်သတိပေးရတဲ့ အနေအထားကို ရောက်ရှိနေပါပြီ။ အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေကကော အင်တာနက်ကို ဘယ်လိုသုံးစွဲနေကြပါသလဲ။
2013-09-04
အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ်မှာ စက်တင်ဘာလ ၁ ရက်နဲ့ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ညီလာခံကို တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဝါရှင်တန်ဒီစီမြို့တော်က RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။
2013-08-28
မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေဖြစ်နေတာ တနှစ်ကျော်လာပြီ ဖြစ်သလို၊ ခုချိန်ထိလဲ မငြိမ်းသေးတဲ့အတွက် ဒီကိစ္စတွေနဲ့ပတ်သက်လို့ တာဝန်အရှိဆုံးအဖွဲ့အစည်း ကတော့ အစိုးရပဲဖြစ်တယ်လို့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကပြောပါတယ်။