ဒေါက်တာ အေးမောင်နှင့် RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းချက်


2013.09.04

အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ်မှာ စက်တင်ဘာလ ၁ ရက်နဲ့ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ညီလာခံကို တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဝါရှင်တန်ဒီစီြမို့တော်က RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။

လွှတ်တော်အတွင်း ဆောင်ရွက်ချက်တွေမှာတော့ အရင်ကထက်ပိုပြီး ပြောဆိုဆောင်ရွက်လာနိုင်ပြီဖြစ်ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ို့ကိစ္စမှာတော့ အခက်အခဲတွေအများအပြား ရှိနေသေးတယ်လို့ဆိုပါတယ်။ ဒါကြောင့် လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်အင်အားစုတွေ အခုထက်ပိုပြီးအနိုင်ရဖို့ ကြိုးစားရမှာဖြစ်ပြီး၊ အဲဒီအင်အားစုတွေနဲ့ ၂၀၁၅ ပြီး နောက်ပိုင်းမှာ အခြေခံဥပဒေပြင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အခြေအနေဲ့ ပတ်သက်လို့တော့ လူမျိုးမတူ ဘာသာမတူသူတွေ ပြန်ပြီးနားလည်မှုရှိရှိ အတူယှဉ်တွဲနေထိုင်နိုင်ို့အတွက် ဒေသဖွံ့ဖြိုးရေးနဲ့ တစ်ဦးချင်းစီးပွားရေး အဆင်ပြေအောင်ဆောင်ရွက်ရေးကို ဦးစားပေးရမှာဖြစ်သလို၊ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးပိုင်းမှာ ဒေသခံတိုင်းရင်းသားတွေကို ပိုပြီးတာဝန်ပေးနိုင်ရင် အဆင်ပြေလာနိုင်မယ်ို့ ပြောပါတယ်။

ဒေါက်တာအေးမောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။