မယ်တော်ဆေးခန်း အနာဂတ်အလားအလာ ဆက်သွယ်မေးမြန်းချက်

0:00 / 0:00

ထိုင်းမြန်မာနယ်စပ်မှာ နှစ်ပေါင်းအစိပ်လောက် ပြည်သူတွေအားကိုးရာဖြစ်ခဲ့တဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို လက်ရှိမြေပိုင်ရှင်က စာချုပ်ပြည့်ရင် ဆက်မငှားတော့ဘူးလို့ ဆိုတဲ့အတွက်၊ အခုနေရာနဲ့ မလှမ်းမကမ်းကို ပြောင်းဖို့စီစဉ်နေပြီလို့သိရပါတယ်။ ဒီလိုပြောင်းရွှေ့ဖို့ကိုလည်း ဂျပန်နိုင်ငံရဲ့အကူအညီ ရထားတယ်လို့သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ဆေးခန်းရုံးအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဆရာ ဦးရွှေလင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။