သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-02
မုံရွာမြို့မှာ စစ်ကောင်စီကြောင့်သေဆုံးရတဲ့သူ အနည်းဆုံး ၁၅ ယောက်ရှိနေပြီး၊ အဖမ်းခံရတဲ့သူက ၃၀ ကျော်ရှိနေပါတယ်။ အဲဒီထဲမှာ ဗကသ၊ တကသ ကျောင်းသားမဂ္ဂခေါင်းဆောင်တွေလဲပါဝင်ပြီး သူတို့ကို ပုဒ်မ ၅၀၅(က) နဲ့တရားစွဲထားတယ်လို့ သိရပါတယ်။
2021-04-01
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ရဲစခန်းက ရဲတပ်သား ကိုသန့်ဇင်အောင်ဟာ ဆန္ဒပြ ပြည်သူတွေနဲ့ သတင်းသမားတွေကို ရိုက်နှက်ဖမ်းဆီးတာတွေ မလုပ်ချင်တဲ့အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ရဲ့ နယ်မြေမှာ လောလောဆယ် ခိုလှုံနေပါတယ်။
2021-04-01
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ဂ)နဲ့ တရားစွဲထားတယ်လို့ ဦးမြအေးရဲ့ အမှုလိုက်ရှေ့နေ ဒေါ်တဉ္ဇာဦးက RFA ကိုပြောပါတယ်။
2021-04-01
ပဲခူးမြို့၊ ပင်မထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်က တပ်သား ဇင်ဘိုဘိုထွန်း ဟာ၊ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ NLD ကို မဲပေးခဲ့တာကို စစ်တပ်အကြီးအကဲတွေက မဲပုံးဖောက်စစ်ဆေးရာမှာ သိသွားတဲ့အတွက် ဒိဇင်ဘာလကုန်ပိုင်းမှာ တပ်ကနေ ခေတ္တတိမ်းရှောင်ခဲ့တယ်လို့ တပ်သား ဇင်ဘိုဘိုထွန်း က ပြောပါတယ်။
2021-04-01
မီးဖွားခွင့်ခြောက်လနဲ့ အနားယူနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်ရဲစခန်းမှ ရဲမေ မဇာဇာငြိမ်းဟာ စစ်အာဏာရှင်အောက်မှာဆက်ပြီး အလုပ်မလုပ်ချင်တာကြောင့် မတ်လ ၂၅ ရက်နေ့ကတည်းက CDM လုပ်ထားကြောင်း RFA ကိုပြောပါတယ်။