ဦးမြအေးကို အင်းစိန်ထောင်တွင်း တရားရုံးမှာ စစ်ဆေး၊ ပုဒ်မ ၅၀၅ (ဂ)နဲ့ တရားစွဲခံထားရ

စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2021.04.01

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ဂ)နဲ့ တရားစွဲထားတယ်လို့ ဦးမြအေးရဲ့ အမှုလိုက်ရှေ့နေ ဒေါ်တဉ္ဇာဦးက RFA ကိုပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်တဲ့ တချိန်တည်းမှာပဲ ဦးမြအေးကို သူ့နေအိမ်မှာ လာဖမ်းသွားတာဖြစ်ပါတယ်။

အဲ့ဒီနောက် မိသားစုနဲ့ အဆက်အသွယ်ပျက်နေပြီး ဒီနေ့ ရန်ကုန် အင်းစိန် ထောင်တွင်းရုံးထုတ်ချိန်မှာမှ ရှေ့နေတွေနဲ့ ပထမဆုံးအကြိမ်တွေ့ခွင့်ရတာပါ။

ဦးမြအေးဟာ ထောင်ထဲမှာ ကျန်းမာရေး ကောင်းမွန်လျှက် ရှိတယ်လို့လည်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်တဉ္ဇာဦးက ပြောပါတယ်။ RFA ဝိုင်းတော်သား စောဖိုးခွားက ဒေါ်တဉ္ဇာဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ဂ)ဟာ လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစု အချင်းချင်းဖြစ်စေ တဖက်နဲ့ တဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရင်၊ လှုံ့ဆော်ဖို့ ကြံရင် ထောင်ဒဏ်၂ နှစ်ထိ ဒါမှမဟုတ် ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။