သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-04
မေလ ၂၁ ရက်နေ့က ကယ်ဆယ်ခဲ့တဲ့ လှေထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ဝဝ ကို မြန်မာအာဏာ ပိုင်တွေက မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲအနီးက နယ်စပ်စခန်းမှာ ကယ်ဆယ်ထား ပြီး အခုလ ၇ ရက်နေ့ မှာ ဘင်္ဂလားဒေ့ရှ်ဘက် ကို ပြန်ပို့မယ်လို့ သိရပါတယ်။
2015-06-04
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန်အနီး တဝိုက်က ချောင်းမြောင်းရေတွေဟာ အဆိပ် အတောက်ဖြစ်စေနိုင်ပြီး အဲ့ဒီမှာနေထိုင်နေကြ သူတွေအတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း ဓါတ်ခွဲခန်း လေ့လာတွေ့ရှိချက်တွေကို ကိုးကားပြီး ဒီနေ့ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က Eco Dev က ထုတ်ပြန်လိုက်ပါတယ်။
2015-06-04
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ စာရင်းတွေကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေက ထုတ်ပြန်ကြေညာရာမှာ မှားယွင်းမှုတွေ ရှိနေတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုမဲစာရင်းစိစစ်ရေးအဖွဲ့ ခေါင်းဆောင် ဦးထွန်းထွန်းဟိန်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးတို့က ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။
2015-06-03
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ အားပေးကူညီသူ ၇၀ ကို ဒီနေ့ သာယာဝတီခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ရာမှာ အဝေးသင်တက်နေတဲ့ ကျောင်းသူကျောင်းသား ၁၃ ယောက်ရဲ့ အာမခံကို တရားရုံးက ပယ်ချလိုက်ပါတယ်။
2015-06-03
ဘာသာ၊ သာသနာ ညိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) နဲ့ စာရေးဆရာ ဦးထင်လင်းဦးကို ချောင်းဦးမြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ကျခံဖို့ ဒီနေ့ အမိန့်ချလိုက်ပါတယ်။
2015-06-03
ဟိုင်းကြီးကျွန်းမှာ ဖမ်းဆီးထားတဲ့ လှေစီးဒုက္ခသည် ၇၀၀ ကျော်ကို စီစစ်ပြီး ဘင်္ဂလားဒေရှ်နိုင်ငံကို ပြန်လည်ပို့ဆောင်ရေးအတွက် ရခိုင်ပြည်နယ် မောင်တောမြို့ကို ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။
2015-06-03
ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုရမယ့် မျိုးစောင့်ဥပဒေကြမ်း ၄ခုကို မပြဌာန်းသင့်ကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်း ၆ ဖွဲ့က ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီထံ အင်္ဂါနေ့က တင်ပြခဲ့ကြပါတယ်။
2015-06-01
လှေစီးဒုက္ခသည်တွေကို နိုင်ငံတကာနဲ့ပူးတွဲပြီး ကူညီပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2015-06-01
ပြီးခဲ့တဲ့နှစ် မိုးရာသီအတွက် စိုက်ပျိုးစားရိတ်ချေးငွေ ထုတ်ယူထားတဲ့ လယ်သမားတွေထဲက ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိတဲ့ လယ်သမားတွေကို ဒီနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးမှာမဟုတ်သလို တရားဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ်မှာရှိတဲ့ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်တွေက ကြေညာချက်ထုတ်ထားပါတယ်။
2015-05-31
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းလူသတ်မှု မှာ ဖမ်းဆီးခံနေရတဲ့ မြန်မာအလုပ်သမား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ အမှုနဲ့ပတ် သက်ပြီး မျိုးဗီဇ ဒီအင်အေတွေကို စစ်ဆေးဖို့ ပေးပို့ ထားတဲ့ အထောက်အထားတွေမှာ အချက်အလက် တချို့ ပျောက်ဆုံးနေတဲ့အတွက် အမှုစစ်ဆေးမှုတွေ မှာ အခက်အခဲဖြစ် နိုင်တယ်လို့ ထိုင်း အမျိုးသား မှုခင်းဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဖွန်းထစ်က ပြောပါတယ်။
2015-05-31
လွန်ခဲ့တဲ့ ၂ဝဝ၃ ခုနှစ်က မေလ ၃ဝ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေရဲ့ ယာဉ်တန်း ဒီပဲယင်းမြို့၊ ကျည်ရွာကိုရောက်ရှိချိန်မှာ အင်အား နှစ်ထောင် လောက်ရှိမယ့် လူအုပ်စုက ဒေါ်အောင် ဆန်းစုကြည်ကို အကြမ်းဖက် လုပ်ကြံဖို့ ကြိုးစားခဲ့ ပါတယ်။
2015-05-31
NCA တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် လက်ရှိမူကြမ်းဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် လက်နက်စွန့်ရုံကလွဲလို့ အခွင့်အရေးတွေ မရရှိနိုင်တာကြောင့် စာချုပ်ကို လက်မှတ်မထိုးခင် အလေးအနက် စဉ်းစားဆောင် ရွက်ကြဖို့ IKO လို့ ခေါ်တဲ့ နိုင်ငံတကာ ကရင် အမျိုးသား အစည်းအရုံးက တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းတွေနဲ့ စုဖွဲ့ထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီကို သတိပေးတိုက်တွန်းလိုက်ပါတယ်။
2015-05-31
ဒီပဲယင်းအကြမ်းဖက် တိုက်ခိုက်မှုကာလက မန္တလေးတိုင်း အနောက်မြောက်မြို့နယ် အမျိုးသမီးလုပ်ငန်းအဖွဲ့ တာဝန်ခံဖြစ်ပြီး၊ အခုအမေရိကန်ပြည်ထောင်စု အနောက် ဗာဂျီးနီးယားပြည်နယ်မှာ နေထိုင်နေတဲ့ ဒေါ်ခင်အေးမြင့်ကို အခင်းဖြစ်ပွားခဲ့တဲ့ညက ကိုယ်တွေ့ကြုံခဲ့ရပုံတွေကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2015-05-30
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် နေပြည်တော်မှာ ကျင်းပနေ တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံံဖြိုးရေး ပါတီရဲ့ ဗဟိုကော်မတီအစည်းအဝေးအပါအဝင် ၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအောင်သောင်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2015-05-30
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ဒီနေ့ ကျင်းပခဲ့ရာမှာ အရပ်ဘက်အဖွဲ့အစည်း ၃၅ ဖွဲ့တက်ရောက်ခဲ့ပြီး၊ တောင်ကိုရီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနဲ့ ဆားဗီးယားနိုင်ငံ သမ္မတဟောင်းတို့လည်း တက်ရောက်ဆွေးနွေးခဲ့ပါတယ်။