သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-07-19
ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ ထိန်းချုပ်နယ်မြေ လိုင်ဇာမှာ အခုလ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ ကေအိုင်အိုက တာဝန်ရှိသူတွေနဲ့ ကချင်တိုင်းရင်းသား ၅၀၀ ကျော် တွေ့ဆုံပြီး လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။
2017-07-18
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ UNFC နဲ့ အစိုးရငြိမ်းချမ်းရေး ကော် မရှင်က ဦးလှမောင်ရွှေခေါင်းဆောင်တဲ့ ကိုယ်စား လှယ်အဖွဲ့တို့ဟာ အစိုးရနဲ့ တရားဝင် မတွေ့ဆုံခင် လာမယ့်ဇူလိုင်လ ၂ဝ ရက်နေ့ ချင်းမိုင်မြို့မှာ အလွတ်သဘောတွေ့ဆုံဖို့ရှိနေပါတယ်။
2017-07-18
ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဘားအံမြို့မှာ မနေ့က တွေ့ဆုံခဲ့ပြီး ကရင်ပြည်နယ်မှာ ရှေ့ဆက်ဆောင်ရွက်မယ့်ကိစ္စတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။
2017-07-18
တစ်ပြည်လုံးမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇ လ တာကာလအတွင်း ၁၁၇ဝဝ ကျော်ရှိပြီး သေဆုံးသူ ၆၆ ဦးရှိနေတဲ့အတွက် မနှစ်ကထက် ဖြစ်ပွားမှုနှုန်း ပိုများနေပါတယ်။
2017-07-16
ကွယ်လွန်သွားပြီဖြစ်တဲ့ ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးဖိုးမင်းနေရာမှာ အစားထိုး ခန့်အပ်ခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်း ကို ရခိုင်အမျိုးသားပါတီက ပါတီစည်းမျဉ်း စည်းကမ်းကို ဖောက်ဖျက်လို့ဆိုပြီး အရေးယူဖို့ စီစဉ်နေပါတယ်။
2017-07-15
ချင်းတွင်းမြစ်ရေမြင့်တက်တာကြောင့် စစ်ကိုင်း တိုင်းဒေသကြီးမှာ ဒီကနေ့ ရေဘေးဒုက္ခသည် အရေအတွက် ငါးထောင်ကျော်တိုးလာပြီး မြစ်ရေ စတက်တဲ့ ဇူလိုင်လ ၃ ရက်နေ့ကနေ ဒီနေ့ အထိ ရေဘေးဒုက္ခသည် အရေအတွက် နှစ်သောင်း နီးပါးထိ ရှိလာပြီလို့ စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန ဦးစီးမှူး ဦးစဝီလီဖရန့် က ပြောပါတယ်။
2017-07-15
လမ်းပန်းဆက်သွယ်ရေး ဝေးလံခေါင်သီတဲ့ တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်မှာ အခုမိုးရာသီမှာ ဆန်ရိက္ခာရှားပါးနေပြီး နို့ဆီဗူး ၈၀ ပါ တရုတ်ဆန် တစ်အိတ်ကို ကျပ် ၁ သိန်းကျော်နဲ့ ဝယ်ယူစားသုံးနေရပါတယ်။
2017-07-15
တရားလိုက တင်သွင်းတဲ့ သက်သေခံမှာ လက်မှတ် တု၊ လက်ဗွေအတုဖြစ်နေတာကို CID အင်းစိန်ဗဟို စုံစမ်းရေးအဖွဲ့က အစစ်အမှန်ပါလို့ အဖြေထုတ် တာကို မကျေနပ်တဲ့အတွက် ပြည်သူအားကိုး ယုံကြည်ရတဲ့ CID ဖြစ်စေရေးဆိုပြီး နေပြည်တော် ထိ လမ်းလျှောက်ဆန္ဒပြတာမို့ အမှုရင်ဆိုင်နေရတဲ့ ပဲခူးမြို့က တကိုယ်တော်ဆန္ဒပြသူ ဒေါ် သဉ္ဇာမောင်မောင်ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2017-07-15
တက္ကသိုလ်ဝင်ခွင့့််ရကျောင်းသားတွေကို ပညာသင်ထောက်ပံ့ကြေးလျှောက်ခွင့် စီစဉ်ပေးထားပေမယ့် သိတဲ့သူနည်းနေသေးပါတယ်။ ပညာသင်ထောက်ပံ့ကြေးအစီအစဉ်ကို သိသူများလာပြီး နေ့ကျောင်းတက်တဲ့ကျောင်းသားတွေများလာဖို့ မျှော်လင့်တယ်လို့ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောပါတယ်။
2017-07-15
NLD ပါတီ ဦးဆောင်တဲ့ အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်တဲ့နေရာမှာ အားနည်ချက် တချို့ရှိနေတယ်လို့ ကရင် KNU အဖွဲ့က ခေါင်းဆောင်တဦးလည်းဖြစ် ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်မှုကော်မတီက ခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ ပဒိုစောကွယ်ထူးဝင်းက သုံးသပ်ပါတယ်။
2017-07-15
မြန်မာပြည်က အလွတ်ကျက်ဖြေ ပညာရေးအောက်မှာ အထက်တန်းစာမေးပွဲအောင်မြင်သူ နည်းပါးနေသေးသလို တက္ကသိုလ်က ဘွဲ့ရပြီးသူတွေ အတွက်လည်း သင့်တော်တဲ့ အလုပ်အကိုင်ရဖို့က ခက်ခဲနေဆဲပါပဲ။ လက်ရှိအခြေအနေအောက်မှာ အာဏာရ NLD အစိုးရ စတင်အကောင်အထည်ဖေါ်နေတဲ့ အမျိုးသားပညာရေးစနစ် မဟာဗျူဟာစီမံကိန်းကနေ လူငယ်တွေရဲ့ အနာဂတ်အတွက် အာမခံချက် ဘယ်လောက်ပေးနိုင်မှာလဲ။
2017-07-14
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ ဟာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မနေ့က တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို စိတ်ဝင်တစား မေးမြန်း သွားခဲ့ပါတယ်။
2017-07-13
အစိုးရ အကူးအပြောင်းမှာ စာရင်းပျောက်နေတဲ့ မကွေးတိုင်းဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ၇ ဘီလီ ယံကျော်ထဲက ၃ ဘီလီယံကျော်ကို မကွေးတိုင်းဒေ သကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ ရွှေသု ခ အသေးစားငွေရေးကြေးရေးအသင်း ဥက္ကဌ ဦးကြည်ထွန်း တို့က လက်ရှိမကွေးတိုင်းအစိုးရကို ဒီဇူလိုင်လကုန်မှာ နောက်ဆုံးထားပြီး လွှဲပြောင်းပေး ရမှာဖြစ်ပါတယ်။
2017-07-12
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် ယန်ဟီးလီဟာ ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်လာပြီး မြို့မိမြို့ ဖ တွေနဲ့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။
2017-07-12
မကြာခင် လွှတ်တော်မှာ ကြားနာပွဲတွေ ကျင်းပတော့မယ့် ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်တဲ့ မူကြမ်းမှာ သိသာတဲ့ ပြင်ဆင်ပြောင်းလဲမှုမျိုးမပါရှိကြောင်း မြန်မာသတင်းသမားများ ကာကွယ်စောင့် ရှောက်ရေးကော်မတီ အဖွဲ့ဝင် ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။