0:00 / 0:00
အစိုးရ အကူးအပြောင်းမှာ စာရင်းပျောက်နေတဲ့ မကွေးတိုင်းဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ၇ ဘီလီယံကျော်ထဲက ၃ ဘီလီယံကျော်ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ ရွှေသုခ အသေးစားငွေရေးကြေးရေး အသင်း ဥက္ကဌ ဦးကြည်ထွန်း တို့က လက်ရှိမကွေးတိုင်းအစိုးရကို ဒီဇူလိုင်လကုန်မှာ နောက်ဆုံးထားပြီး လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။
ဒီနေ့အထိ ဦးဘုန်းမော်ရွှေက ကျပ်ငွေ ၂.၃ဘီလီယံ လွဲပြောင်ပေးထားပြီးဖြစ်ပြီး ဝ.၉၇ ဘီလီယံ လွဲပြောင်းပေးဖို့ ကျန်နေသေးတယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးနေမျိုးကျော်က ပြောပါ တယ်။
ဝန်ကြီး ဦးနေမျိုးကျော် ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။