ခေါင်လန်ဖူးမှာ ဆန်တစ်အိတ်ကို ကျပ်တစ်သိန်းကျော်အထိ ဈေးတက်


2017.07.15

လမ်းပန်းဆက်သွယ်ရေး ဝေးလံခေါင်သီတဲ့ တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်မှာ အခုမိုးရာသီမှာ ဆန်ရိက္ခာရှားပါးနေပြီး နို့ဆီဗူး ၈၀ ပါ တရုတ်ဆန် တစ်အိတ်ကို ကျပ် ၁ သိန်းကျော်နဲ့ ဝယ်ယူစားသုံးနေရပါတယ်။

နိုင်ငံ့ဝန်ထမ်း ငါးရာကျော်အပါအဝင် လူဦးရေ စုစုပေါင်း တသောင်းကျော်နေထိုင်တဲ့ ခေါင်းလန်ဖူးမြို့နယ်မှာ လတ်တလော ဆန်ဈေးနှုန်းတွေကြီးမြင့်ပြီး စားနပ်ရိက္ခာ အခက်အခဲဖြစ်နေတာနဲ့ ပတ်သက်ပြီး ခေါင်လန်ဖူးမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလေး ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဒီကနေ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။