သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-08-04
မြန်မာနိုင်ငံအထက်ပိုင်းမှာ ရေကြီးရေလျှံတာတွေ လျော့ကျသွားပြီဆိုပေမဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ဆက်လက်ပြီး ရေကြီးရေလျှံမဲ့အန္တရာယ်ရှိနေတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။
2015-08-03
NLD ပါတီက ထုတ်ပြန်ထားတဲ့ ကိုယ်စား လှယ်လောင်း ရွေးချယ်ရေးဆိုင်ရာ မူတွေနဲ့ ကိုက် ညီပေမယ့် သူ့ကို ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်တာနဲ့ ပတ်သက်ပြီး ဒေါက်တာ ဒေါ်ညိုညိုသင်းက NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ဖြေရှင်းချက်ပေးဖို့ ဒီကနေ့ စာတင်ထားတယ် လို့ RFA ကိုပြောပါတယ်၊
2015-08-03
ရေနစ်မြုပ်နေတဲ့ မကွေးတိုင်းဒေသကြီး ပွင့်ဖြုု မြို့နယ် ငန်းတော်ကျွန်းကျေးရွာက ဒေသခံတွေကို အကူအညီပေးနိုင်ဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်းနဲ့ အနုပညာရှင်တွေက ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။
2015-08-03
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ရေဘေးသင့်ဒေသတွေမှာ ဆန်လှူဒါန်းမယ့် အဖွဲ့အစည်းတွေကို သက်သာတဲ့နှုန်းထားနဲ့ ရောင်းချပေးသွားမယ်လို့ အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။
2015-08-03
ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးအနှံ့မှာ ရေဘေးအန္တရာယ် ရင်ဆိုင်နေရတဲ့အတွက် ၂ဝ၁၅ ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက်ကို ရွှေ့ဆိုင်းပေးဖို့ ရခိုင်မျိုးချစ်ပါတီက ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
2015-08-02
ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေမှာ ရေနစ်မြုပ်နေဆဲဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တပ်မတော်ရဟတ် ယာဉ် နှစ်စင်းနဲ့ မြောက်ဦး၊ မင်းပြားမြို့တွေကို ဆန်၊ ခေါက်ဆွဲခြောက် စတဲ့ရိက္ခာတွေကို ဒီနေ့ မနက်ကစပြီး ကူညီပေးနေပြီလို့ သိရပါတယ်။
2015-08-02
မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများ အသင်းချုပ်က ရေကြီးတဲ့နောက်ဆက်တွဲ ဆန်ဈေးမတက်အောင် ကြိုးပမ်းဖို့အတွက် အစိုးရ၊ လူမှုအဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့က ဝိုင်းဝန်းဆောင်ရွက်မှ သာအောင်မြင်မှာဖြစ်တယ်လို့ မန္တလေးဆန်ကုန်စည်ဒိုင် ဥက္ကဌ ဦးသိန်းဇော်က ပြောတာပါ။
2015-08-02
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ ကုန်းဇောင်းမြို့နယ်နဲ့ အနီးတစ်ဝိုက်က ကျေးရွာ ၁ဝ ရွာကျော်မှာ ရေကြီးနစ်မြုပ်နေတာ ၅ ရက်ကြာမြင့်နေပြီဖြစ်တာကြောင့် ဒေသခံ သုံးထောင်ကျော်လောက်ဟာ ကုန်းမြင့်ရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ပိတ်မိနေကြပါတယ်။
2015-08-02
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နဲ့ တဝိုက်မှာ ရေ လွှမ်းမိုးတာကြောင့် ကလေးမြို့ဟာ ရေပြင်လုံး လုံးဖြစ်နေပြီလို့ ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ကလေးမြို့က လေသာဆရာတော် ဦးဓမ္မိက က မိန့်ကြားပါတယ်။
2015-08-02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေ ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2015-08-02
ရေလွှမ်းမိုးမှုတွေ ဖြစ်နေပြီး အရေးပေါ်ဒေသတွေအဖြစ် ကြေညာခံထားရတဲ့ စစ်ကိုင်း ၊ မကွေးတိုင်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ အစိုးရရဲ့ "အမျိုးသားသဘာဝဘေး ကာကွယ်စောင့် ရှောက်ရေး လုပ်ငန်းကော်မတီ"က ကူညီကယ်ဆယ်ရေးတွေ စတင်ဆောင်ရွက်နေပါတယ်။
2015-08-02
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးခဲ့တာကြောင့် ဖမ်းဆီး ထောင်ချခံခဲ့ရတဲ့ ဗိုလ်မှူးကျော်စွာဝင်း ကို မြန်မာသံတော်ဆင့် သတင်းဌာနက လူထုရှေ့ဆောင်ဆုကို ဒီနေ့ ရန်ကုန်မြို့Dolphin ခမ်းမမှာ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
2015-07-31
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မကွေးတိုင်းဒေသကြီး ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စား လှယ်လောင်း ၇၆ ဦးကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ဒီနေ့မှာ ရွေးချယ်ခန့်အပ်လိုက် ပါတယ်။
2015-07-30
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ အစည်း အဝေးကနေ NCA တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချူပ်ကို အရင် NCCT အဖွဲ့ဝင် ၁၆ ဖွဲ့နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အပါအဝင် အဖွဲ့ ၁၇ ဖွဲ့လုံး ပါဝင်ခွင့်ရမှ လက်မှတ်ထိုးမယ်လို့ ဆုံးဖြတ်ခဲ့ ပါတယ်။
2015-07-30
ဖိလစ်ပိုင်နိုင်ငံအခြေစိုက် ရာမွန်းမက်ဆေးဆေး ရန်ပုံငွေအဖွဲ့က ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဌ ရုပ်ရှင်မင်းသား ကျော်သူ ကို လူမျိုးဘာသာ မခွဲခြားပဲ ဒီမိုကရေစီလူ့ဘောင်ဖွံ့ဖြိုးရေး စွမ်းစွမ်း တမံ ဆောင်ရွက်မှုတွေအတွက် ၂ဝ၁၅ ခုနှစ် ရာမွန်း မက်ဆေးဆေး Ramon Magsaysay လူမှုထူးချွန် ဆုချီးမြှင့်ကြောင်း မနေ့ကကြေညာခဲ့ပါတယ်။