ရေကြီးတဲ့အတွက် ဆန်ဈေးတွေ တက်လာနိုင်သလား
2015.08.02
မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများ အသင်းချုပ်က ရေကြီးတဲ့နောက်ဆက်တွဲ ဆန်ဈေးမတက်အောင် ကြိုးပမ်းဖို့အတွက် အစိုးရ၊ လူမှုအဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့က ဝိုင်းဝန်းဆောင်ရွက်မှ သာအောင်မြင်မှာဖြစ်တယ်လို့ မန္တလေးဆန်ကုန်စည်ဒိုင် ဥက္ကဌ ဦးသိန်းဇော်က ပြောတာပါ။
ရေကြီးတဲ့အတွက် ဆန်ဈေးတွေ တက်လာနိုင်သလားဆိုတာနဲ့ ပတ်သက်ပြီး မန္တလေးဆန်ကုန်စည်ဒိုင် ဥက္ကဌ ဦးသိန်းဇော်ကို RFA သတင်းထောက် မမိုးကလျာဦးက ဆက်သွယ်မေးမြန်းထားပါတယ်။