ပွင့်ဖြူမှာ ရွာ ၁ဝ ရွာကျော် ရေကြီးနစ်မြုပ်နေတာကြောင့် ဒေသခံ သုံးထောင်ကျော်ပိတ်မိ
2015.08.02
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ ကုန်းဇောင်းမြို့နယ်နဲ့ အနီးတစ်ဝိုက်က ကျေးရွာ ၁ဝ ရွာကျော်မှာ ရေကြီးနစ်မြုပ်နေတာ ၅ ရက်ကြာမြင့်နေပြီဖြစ်တာကြောင့် ဒေသခံ သုံးထောင်ကျော်လောက်ဟာ ကုန်းမြင့်ရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ပိတ်မိနေကြပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ အဲ့ဒီမြို့နယ်ကို ရောက်ရှိမလာသေးတာကြောင့် ရေဘေးဒုက္ခသည် တွေမှာ သောက်သုံးရေနဲ့ စားစရာ ပြတ်လပ်နေတယ်လို့ ကုန်းဇောင်းမြို့နယ် မဟာစည်ကျောင်းတိုက် က ဦးဇင်း ဦးဝါယမိန္ဒက မိန့်ပါတယ်။ ဆရာတော်ကို RFA သတင်းထောက် မဝေယံမိုးမြင်က လျှောက်ထားပါတယ်။